မန္တလေး ၂၆ မေ
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းထားရာမှ မီးလောင်မှုဖြစ် ပွားပြီး အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။
ယနေ့မနက် ၂ နာရီခန့်က အောင်သာယာရပ်ကွက်ရှိ အုပ်ညှပ် ၊နံကပ်သွပ်မိုးနှစ်ထပ်နေအိမ်အတွင်းရှိ ကုတင် ဘေးတွင် ခြင်ဆေးခွေမီးထွန်းရာမှ မွေ့ယာသို့ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
‘အိမ်ပိုင်ရှင်ရဲ့ မြေးဖြစ်သူ ၁၂ အရွယ်ကလေးတစ်ဦး မီးလောင်ပြီးသေဆုံးခဲ့ပါတယ်။ ပိုင်ရှင်ရဲ့သားဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက မီးလောင်ဒဏ်ရာရပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံမှာ ဆေးကု သနေပါတယ်’ဟု မန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ပါကျဲရိုးယာဉ်တစ်စီးနှင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်းသိရသည်။ မီးလောင် မှုဖြစ်ပွားခဲ့သည့်နေအိမ်ပိုင်ရှင်ကို အောင်ပင်လယ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်အရေး ယူထားသည်။
အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ခြင်ဆေးခွေမီးထွန်းထားရာက မီးလောင်ပြီး အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:40
Rating:
