![]() |
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကို တွေ့ရစဉ် / Photo: Win Ko Ko Latt/RFA |
ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ အစိုးရရဲ့ ဒုတိယတစ်နှစ်တာကာလ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
အဲဒီကိစ္စဟာ နိုင်ငံတော်သမ္မတရုံးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့သာ သက်ဆိုင်တဲ့အတွက် ဝင်ဖြေပေးလို့ မရဘူးလို့လည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဝန်ကြီး ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်က နေအိမ်ကို ဝင်ရောက်စစ်ဆေးတယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
ဝန်ကြီး ဦးကျော်ဝင်း ပုံမှန်ရုံးတက်နေလို့ ဒုဝန်ကြီး ပြော
Reviewed by THITHTOOLWIN
on
19:10
Rating:
