ဘိလပ်မြေဖျော်သယ်သည့်ယာဉ်နှင့် ဆက်သွယ်ရေးကြိုးများချိတ်မိကာ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး
မြစ်ကြီးနား မေ ၂၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် မေ၂၄ရက် မွန်းလွဲ ၁၂နာရီခွဲခန့်က ဘိလပ်မြေဖျော်သယ်သည့်ယာဉ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကြိုးများချိတ်မိကာ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီး တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်းက ကြက်ပေါင်ခြံရပ်ကွက်၊နယ်မြေ(၈)နေ ယာဉ်မောင်း ဦးအောင်မင်း(၅၃)နှစ် မောင်းနှင်သည့် ခိုင်မာသောပန်း တိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဘိလပ်မြေဖော်သယ်ယာဉ် အမှတ်(၁ဃ/----)သည် ခေမာသီရိရပ်ကွက်၊လမ်းသွယ်(၁၉)ထိပ်ရှိ တယ်လီဖုန်းဆက်သွယ်ရေးကြိုးများနှင့်ချိတ်မိကာ အရှိန်မထိမ်းနိုင်ပဲ လမ်းဘေးတယ်လီဖုန်းတိုင်အား တိုက်မိတိမ်းမှောက်ခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ရမ်ပူရပ်ကွက်နေ ဒေါ်မြင့်မြင့်သန်း(၄၂)နှစ် မောင်းနှင်လာသည့် ဂျာလင်းအမျိုးအစား မော်တော်ဆိုင်ကယ်အား တိုက်မိကာ ဒေါ်မြင့်မြင့်သန်းမှာ ယာဉ်တိုက်မိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးအောင်မင်းအား နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘိလပ်မြေဖျော်သယ်သည့်ယာဉ်နှင့် ဆက်သွယ်ရေးကြိုးများချိတ်မိကာ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး
Reviewed by THITHTOOLWIN
on
20:00
Rating:
