ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၈)ရပ်ကွက်ရှိ ရွှေအိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ဆောက်လက်စ အဆောက်အအုံအတွင်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန် သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က အခင်းဖြစ်ပြီး နှစ်ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ယနေ့သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က ရန်ကင်းမြို့နယ် (၈)ရပ်ကွက်ရှိ ရွှေအိမ်ရာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန် ယူဆောက်လုပ်နေသည့် အဆောက်အအုံအတွင်းတွင် လုံခြုံ ရေးဝန်ထမ်းဦးဇော်ဝမ်း(၄ဝ နှစ်) မှာခြေနှစ်ဖက်ကို ဝိုင်ယာကြိုးဖြင့် ချည်နှောင်ထားပြီး ပါးစပ်ကို စက္ကူ တိပ်ဖြင့်ပတ်လျက် ၄င်းအပေါ်မှစွပ် ကျယ်ဖြင့် ထပ်မံချည်နှောင်ကာ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲ ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရသဖြင့်သတင်းပေးတိုင်တန်း ချက်အရ ရန်ကင်းမြို့မရဲစခန်း(ပ) ၂ဝ၆/၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့်အမှုဖွင့်အရေးယူဆောင် ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူအား အမြန် ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ကာ မှုခင်းဖြစ်စဉ် အပေါ် သုံးသပ်ညွှန်ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး မှုခင်းဖော်ထုတ်ရေး ရဲတပ် ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ် နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ပူး ပေါင်းပါဝင်သောအဖွဲ့က အခင်း ဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ အဆောက်အအုံလုံခြုံရေးတဲအတွင်း တွင် သေဆုံးသူပိုင်ဆိုင်သော သံ သေတ္တာအား ဖျက်ဆီးမွှေနှောက် ထားလျက်တွေ့ရသည့်အပြင် သေ ဆုံးသူပိုင်Huaweiအမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးပျောက်ဆုံး နေပြီး အနီးတွင်အဖြူရောင်တီရှပ် တစ်ထည်၊ သွေးစွန်းနေသည့် သံတုတ်တစ်ချောင်းတို့ကို တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။
ပူးပေါင်းအဖွဲ့မှ မှုခင်းဖြစ်စဉ် အပေါ်သုံးသပ်ရရှိသည့်အချက် များအရ ခိုးမှုပြစ်ချက်ဟောင်းရှိသူ များအား သတင်းဖြန့်ကြက် စုံ စမ်းခဲ့ရာ မြောက်ဥက္ကလာပ မြို့နယ် အမှတ်(၂) ရပ်ကွက်တွင် နေထိုင်၍ တွန်းလှည်းဖြင့်ပစ္စည်းအဟောင်း များလိုက်လံဝယ်ယူရောင်းချသူ များဖြစ်သည့် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်း(၁၉နှစ်)နှင့် အောင်ဖြိုးကို(ခ) ကပ္ပလီ (၂၁နှစ်) တို့မှာ ယခုလ ၂၂ ရက် နံနက် ၅ နာရီခန့်က နေအိမ်သို့ရောက်ရှိလာပြီး မှန်ကွဲ နေသည့်ဖုန်းတစ်လုံးပါရှိလာကြောင်း၊ ၄င်းတို့ဝတ်ဆင်ထားသည့်အဝတ် များကိုဝှက်ထားကြောင်း၊ ညစောင့် တစ်ဦးကိုလည်းရိုက်နှက်ခဲ့ကြောင်း သတင်းစုံစမ်းရရှိသဖြင့် ၄င်းတို့ နှစ်ဦးအား လိုက်လံရှာဖွေဖမ်းဆီး ရာ ယမန်နေ့ ညနေ ညနေ ၅နာရီခွဲ တွင် မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အဟောင်း ဆိုင်သို့ပစ္စည်းများလာရောက်ရောင်း ချနေစဉ် ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှစ်ဦးအားစစ်ဆေးရာ ယခုလ ၂၂ ရက် နံနက် ၃ နာရီ ခန့်က ပစ္စည်းများခိုးယူရန်အတွက် လိုက်လံ ကြည့်ရှုစဉ် ရန်ကင်းမြို့ နယ်ရှိ ဆောက်လက်စအဆောက် အအုံအတွင်းသို့ သံတိုသံစများ ခိုးယူရန် ဝင်ရောက်ခဲ့ရာ လုံခြုံ ရေးဝန်ထမ်းမှာ နိုးလာသဖြင့် အနီးရှိသံတုတ်ဖြင့် နှစ်ချက်ရိုက် ခဲ့ကြောင်း၊ လျှပ်စစ်ပန်ကာမှ ဝိုင်ယာကြိုးကိုဖြတ်၍ ခြေထောက် နှစ်ဖက်ကိုချည်နှောင်ခဲ့ကြောင်း၊ ပါးစပ်ကိုလည်း တိပ်ဖြင့်ပတ်၍ အပေါ်မှစွပ်ကျယ်ဖြင့် ချည်နှောင်ခဲ့ ကြောင်း၊သံသေတ္တာသော့ကိုရိုက် ဖျက်ပြီး ငွေကျပ် ၁ဝ၇ဝဝ နှင့် Huawei ဖုန်းတို့ကို ယူဆောင် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည်။ပြစ်မှုကျူးလွန်သူအောင်ဖြိုး (ခ) ကပ္ပလီမှာ ၂ဝ၁၂ ခုနှစ်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရား ဝင်းအတွင်းထားရှိသော အလှူခံ ပုံးမှငွေများခိုးယူခဲ့၍ သန်လျင် မြို့နယ် လူငယ်ပြုစုထိန်းသိမ်းရေး သင်တန်းကျောင်းတွင်ထောင်ဒဏ် တစ်နှစ်နှစ်လ ပြစ်ဒဏ်ကျခံခဲ့ဖူး သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်း နိုင်ဖြိုး(ခ)ငရှိုင်းနှင့်အောင်ဖြိုး(ခ) ကပ္ပလီတို့အား ဥပဒေနှင့်အညီ ထိ ရောက်ပြစ်ဒဏ်ရရှိရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယူဒီနေ
The Union Daily
https://www.facebook.com/uniondaily.net
ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားသောလူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို နှစ်ရက်အတွင်းဖော်ထုတ်ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:02
Rating:
