မြန်မာစစ်တပ်ကို မည်သည့် အီးယူနိုင်ငံက သင်တန်းပေးနေသလဲ

Add caption

လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတဲ့ မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဘို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini ကိုဖြစ်စေ၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Kristian Schmidt ကိုဖြစ်စေ စာရေးသားတောင်းဆိုကြဖို့ Burma Campaign UK အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

Burma Campaign UK အဖွဲ့က မေလ ၃၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စာမှာ EU အဖွဲ့က မြန်မာ့တပ်မတော် ကို ပေးမဲ့ အနာဂတ်သင်တန်းတွေမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံများ ပါဝင်တယ်လို့ ဆိုပေမဲ့ နာရီ ၆၀ သင်တန်းချိန်အတွင်း လူ့အခွင့်အရေးကိစ္စက တနာရီ လောက်ပဲ သင်ကြားပေးပြီး နောက်ပိုင်းမှာ ဒီတနာရီစာတောင်ဖြုတ်ပစ်လိုက်တယ်လို့ ဗြိတိသျှ အာဏာပိုင်တွေဘက်က ပြောတယ်လို့ ဆိုပါတယ်။

တဆက်တည်း EU အနေနဲ့ မြန်မာစစ်တပ်ကို ပေးတဲ့ သင်တန်းနဲ့ပတ်သက်ပြီး ဘယ် အဖွဲ့ဝင်နိုင်ငံက တာဝန်ယူတာကစပြီး သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်တွေ ထုတ်ပြန်ဘို့ ငြင်းဆန်ခဲ့ပြီး လျှိုဝှက်သင်တန်းအနေနဲ့ ထားရှိတာအဆိုးဆုံးဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။
ဒီကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Kristian Schmidt ကပြောပြပါမယ်လို့ဆိုခဲ့ပြီးမှ နောက်ပိုင်းကျတော့ ငြင်းပယ်ခဲ့တယ်လို့ရေးသားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာစစ်တပ်ကို မည်သည့် အီးယူနိုင်ငံက သင်တန်းပေးနေသလဲ မြန်မာစစ်တပ်ကို မည်သည့် အီးယူနိုင်ငံက သင်တန်းပေးနေသလဲ Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.