မိုးကုတ်မြို့တွင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား


မိုးကုတ် ၁၇ မေ

မိုးကုတ်မြို့ ရွှေညောင်ပင်ကျေးရွာအုပ်စု စိန်အင်းရွာတွင် ယနေ့ နေ့လယ်ပိုင်းက လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွား သွားခဲ့ကြောင်း မိုးကုတ်မြို့နယ် ကင်းရဲစခန်းမှ ဒုရဲမှူးတင်မောင်က ပြောသည်။

အသတ်ခံရသူများကို မိုးကုတ်မြို့ကျပ်ပြင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ သတ်ခံရတာက ယောကျာ်းတွေပါ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ စစ်ဆေးရဦးမယ် မူးယစ်ဆေးဝါးကိစ္စနဲ့ သတ်ခံရတယ်လို့ ယူဆလို့ရပါတယ်” ဟု ကင်းရဲစခန်းမှ ဒုရဲမှူးတင်မောင်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းသိရသည်။

“ ကျွန်တော်က ကားမောင်းတာဆိုတော့ လမ်းမှာ လူတွေက ရှုပ်နေတော့ သေချာမသိလိုက်ဘူး ပြောနေကြတာတော့ မူးယစ်ဆေးဝါးမှုနဲ့ သတ်ခံရတာလို့သိရတယ်” ဟု ဒေသခံ ကားမောင်းသမား ကိုစိုးထက်အောင် ကလည်း ပြောပြသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးကုတ်မြို့တွင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား မိုးကုတ်မြို့တွင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.