![]() |
( ပုံ - အိန္ဒိယ ကုန်သွယ်စီးပွားနဲ့ စက်မှုဝန်ကြီး ဆုးရက်ရှ် ပရာဘူး ) |
ဒီအစီအစဉ်တွေကို မြန်မာ၊ ကမ္ဘောဒီယား လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ဆောင်ရွက် မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးကုဆေးရုံအပြင်ပညာရေးဆိုင်ရာ အသက်မွေးမှုကျောင်းနဲ့ ဆေးဝါးလုပ်ငန်းကို ဗီယက်နမ် နဲ့ ဆေးကျောင်းကို ကမ္ဘောဒီးယားမှာဖွင့်လှစ်မှာဖြစ်တယ်လို့ PTI နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။
ဒီကိစ္စ အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်းပင်မြို့မှာ အခုအပတ်အတွင်း အာဆီယံ လေးနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အလားတူ ၀န်ကြီး Prabhu ဟာ အဲ့ဒီလေးနိုင်ငံက ကုန်သွယ်ရေး ၀န်ကြီးတွေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။ အိန္ဒိယ၀န်ကြီးရဲ့ ခရီးစဉ်အတွင်း ကုန်သွယ်ရေးဆိုင်ရာ အမြင်များဖလှယ်ဘို့ ပူးတွဲလုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီး အစိုးရချင်းကို ဒီလုပ်ငန်းအဖွဲ့တွေကတဆင့် ဆွေးနွေးပြောဆိုလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အလားတူ ကမ္ဘောဒီးယားမှာလဲ အိန္ဒိယ ကမ္ဘောဒီယားကုန်သည်ကြီးများအသင်းကို လည်းဖွဲ့စည်း နိုင်ခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာအပါအ၀င် အာဆီယံ ၄ နိုင်ငံမှာ အိန္ဒိယက ဆေးကျောင်းများ ဖွင့်မည်
Reviewed by THITHTOOLWIN
on
09:13
Rating:
