ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံး


သထုံ၊ မေ၊ ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာတွင် မေလ ၃၁ ရက်၊ နေ့လယ်က ရွာနွားစားကျက်အတွင်းရှိ ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကလေးသုံးဦး ရေနစ်သေဆုံးကြောင်း ကျေးရွာတာဝန်ရှိသူမှ အကြောင်း ကြားသဖြင့် သုဓမ္မ၀တီ နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ချိုနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွာထိပ်ငါးကန်အနီး ရွာ၏နွားစားကျက်အတွင်းရှိ ပေ ၁၀၀ ပတ်လည်ခန့်ရှိ ရေအိုင်ထဲမှ အနက် ၇ ပေခန့်ရှိသည့် ချိုင့်အတွင်းသို့ မောင်စိုင်းထက်၊ ၉ နှစ် (ဘ) ဦးချစ်ဝင်း၊ ကဇိုင်းကျေးရွာ၊ မောင်အောင်ဖြိုးဦး၊ ၁၀ နှစ် (ဘ) ဦးအောင်ထွန်းဦး၊ ကဇိုင်းကျေးရွာနှင့် မောင်အောင်မြတ်သူ၊ ၉ နှစ် (ဘ) ဦးအောင်မျိုးဝင်း ကဇိုင်းကျေးရွာနေသူတို့ သုံးဦးမှာ ရေဆင်းကစားရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကလေးသုံးဦး သေဆုံးရခြင်းအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို သုဓမ္မ၀တီနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံး ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေးသုံးဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.