ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာတွင် လူသတ်မှုကျူးလွန်ခဲ့သူမျာအား ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ မေ ၂၂

၅-၅-၂၀၁၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု၊ ဘိုတက်ကုန်းရွာ၊ ၄၄လမ်းအရှေ့ဘက်ကွင်းအမှတ်(၅၃၇)လယ်ကွက်ခြံစည်းရိုးကာရံထားသည့် အုတ်တံတိုင်းဘေး၌ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် သတင်းရရှိသဖြင့် အုန်းချောနယ်မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်တို့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အခင်ဖြစ်နေရာတွင် အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ပက်လက် အနေအထားဖြင့် လယ်ကွင်းခြံစည်းရိုးအုတ်ခုံဘေးတွင် ဂွမ်းကပ်ခြုံစောင် ၁ထည်ဖြင့်အုပ်ထားပြီး မျက်နှာအား သောက်ရေအိုးကွဲအပေါ်ခြမ်းစွပ်လျက် ၀ဲလက်မောင်းညိုမဲ၊ မျက်နှာနဖူးထိပ်ချိုင့်ဝင် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်းတွေ့ရှိရသဖြင့် အုန်းချောနယ်မြေရဲစခန်း(ပ)၈၄/ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီး အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကြီးကြပ်၍ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်းခဲ့ရာ အထူးအမှုစစ်အဖွဲ့များသည် ဆက်စပ်မြိုကနယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မသင်္ကာတရားခံမင်းမင်းထိုက်(ခ)မျိုးကြီး ၂၆နှစ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်နေသူနှင့် ဘရန်ဆိုင်း(ခ)ဘရန်မိုင်(ခ)ကုလား(ခ) ဇော်လင်းအောင် ၂၈နှစ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ပိတ်တောက်လမ်း(၄၉×၅၀)ကြား နေသူတို့(၂)ဦးမှာ မကွေးတိုင်း ဒေသကြီး၊ သရက်မြို့တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါရရှိသည့်သတင်းအား ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ သည် သရက်မြို့မရဲစခန်းမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ကူညီစုံစမ်းဖမ်းဆီးပေးပါရန် အကြောင်းကြားခဲ့ရာမှ တရားခံ မင်းမင်းထိုက်(ခ)မျိုးကြီး(ခ)ယိုကြီးအား ၁၇.၅.၂၀၁၈ ရက်နေ့ နေ့လည် ၁ နာရီ ၀၅အချိန်တွင် သရက်မြို့၊ ကမ္ဘောဇဘဏ်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဘရန်ဆိုင်း(ခ)ဘရန်မိုင်(ခ)ကုလား(ခ)ဇော်လင်းအောင်အား ပေါက်တောကျေးရွာ၊ ပေါက်တောကျေးရွာအုပ်စု၊ သရက်မြို့တွင် ၁၇.၅.၂၀၁၈ ရက်နေ့ ညနေ ၃ နာရီ ၂၀အချိန်တွင် သရက်မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှဖမ်းဆီးမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ(၂)ဦးအား စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့(၂)ဦးသည် ၁၉လမ်း ဂေါဝိန်ဆိပ်တွင် တွေ့ရှိရသော အမျိုးသမီး(၁)ဦးအား ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာ ခြံဝင်းအတွင်းသို့ ခေါ်ဆောင်လာရာမှ စကားအချေအတင်များပြီး ပုဆိန်ဖြင့် ထုသတ်ခဲ့ ကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာတွင် လူသတ်မှုကျူးလွန်ခဲ့သူမျာအား ဖော်ထုတ်ဖမ်းဆီးရမိ ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာတွင် လူသတ်မှုကျူးလွန်ခဲ့သူမျာအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 14:22 Rating: 5
Powered by Blogger.