ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုပ်နယ်မြေရဲစခန်းအပိုင်၊ မင်္ဂလွန်းကျေးရွာ၌ မေလ(၂၂)ရက်နေ့ ယနေ့  နံနက်(၇)နာရီအချိန်က အရက်ကြောင် ကြောင်ပြီး မိဘနှစ်ပါးအား သားဖြစ်သူမှ ပေါက်တူးနှင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
သားဖြစ်သူ၊ စိုးသူ(၂၅)နှစ်မှ ၎င်း၏ဖခင်ဖြစ်သူဦးတင်ဝင်း(၅၈)နှစ်၊(ဘ)ဦးမောင်ကြည်နှင့် မိခင်ဖြစ်သူဒေါ်သန်းမြင့်(၅၆)(ဘ)ဦးသိန်းမြင့်တို့အား၊ အရက်ကြောင် ကြောင်ပြီး၊ ပေါက်တူဖြင့်ခုတ်သဖြင့်၊ ဖခင်ဖြစ်သူဦးတင်ဝင်းတွင်၊ ဘယ်ဘက်မျက်ခုံးပြတ်ရှ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာနှင့် မိခင်ဖြစ်သူဒေါ်သန်မြင့်တွင် ဘယ်ဘက်နားထင်ပြတ်ရှ ဒဏ်ရာများရရှိခဲ့သည်။
ဒဏ်ရာရရှိသူ နှစ်ဦးအား တံတားမြို့ ပြည်သူ့ဆေးရုံမှ (စိုးရိမ်ရ) သဖြင့်၊ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ လွဲပြောင်းကုသလျှက်ရှိပြီး၊ မိဘနှစ်ပါးအား ပေါက်တူးဖြင့်ခုတ်ခဲ့သူ၊ စိုးသူအား ကမာကလုပ်နယ်မြေရဲစခန်းမှ (ပ)၂၄/၂၀၁၈၊ပုဒ်မ-၃၂၆၊ အရ ဖမ်းဆီးအရေး ယူထားကြောင်း သိရပါသည်။
NoTwo Kyauktan
မိဘနှစ်ပါးအား သားဖြစ်သူမှ ပေါက်တူးနှင့်ခုတ်
Reviewed by THITHTOOLWIN
on
15:02
Rating:
