ဝမ်ပုံ မေ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးစခန်း၌ မေ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်က ကျပ်သိန်းပေါင်း ၉၆ဝဝ ခန့်တန်ဖိုးရှိ (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲများ ဖမ်းဆီးရမိသည်။
မေ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်တွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့ နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန်ပူးပေါင်းစစ်ဆေးရေး စခန်း၌ တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ အိုက်နွန်း (၂၉ နှစ်)မောင်းနှင်ပြီး စိုင်းကျောက် (၂၁ နှစ်)လိုက်ပါလာသော တိုယိုတာမတ်တူး အမျိုးအစား ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ယာဉ်မောင်း အိုက်နွန်းသည် ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ပြီး စိုင်းကျောက်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထို့နောက် ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်နောက်ဖုံးအတွင်း ဆာလာအိတ်သုံးလုံးဖြင့် ထည့်လျက် တရုတ် လက်ဖက်ခြောက်အိတ်အတွင်း မက်သာဖက်တမင်း ဟိုက်ဒရို ကလိုရိုက်(အိုက်စ်)အဖြူရောင် ပုံဆောင်ခဲ အလေးချိန်တစ်ကီလိုခန့်စီပါ ၄၈ ထုပ် စုစုပေါင်းအလေးချိန် ၄၈ ကီလိုခန့်(ဒေသတန်ဖိုးကျပ်သိန်းပေါင်း ၉၆ဝဝ ခန့်)နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းကျောက် (၂၁ နှစ်) နမ့်မွဲရွာ မိုင်းဟဲ(အောက်)အုပ်စု တာချီလိတ်မြို့နယ် နေသူနှင့် ထွက်ပြေးတိမ်းရှောင် သွားသူ အိုက်နွန်း (၂၉ နှစ်ခန့်) ဆန်ဆိုင်းရပ်ကွက် တာချီလိတ်မြို့နေ သူတို့အား ဝမ်ပုံနယ် မြေရဲစခန်းက အမှုဖွင့်ပြီး ထွက်ပြေးတိမ်းရှောင်နေ သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်း၌ ကျပ်သိန်းပေါင်း ၉၆ဝဝ ခန့် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
10:21
Rating:
