ထမင်းပွဲကို ခြေထောက်နဲ့ ကန်တဲ့ မယားပါသားအား ပထွေးဖြစ်သူက ထင်းခွဲဓားမနဲ့ ခုတ်သတ်မှုဖြစ်ပွား


ဟင်္သတ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သတာမြို့နယ် တလုထ္ထော်ကျေးရွာအုပ်စု အင်းဂရမ်းကျေးရွာ၌ မေ ၁၁ ရက် နေ့လည် ၁၂ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

စုံစမ်းသိရှိရသည်မှာ ဟင်္သာတမြို့နယ် တလုထ္ထော်ကျေးရွာအုပ်စု အင်းဂရမ်းကျေးရွာနေ ကျပန်းလုပ်ကိုင်စားသူ ဦးတင်သန်း ၅၆ နှစ် နေအိမ်၌ မေ ၁၁ ရက် နေ့လည် ၁၂ နာရီခန့်တွင် မိသားစု ထမင်းစားနေကြစဉ် မယားပါဖြစ်သူ အောင်မျိုးထက် (ခ) ဆံရှည်က အရက်မူးပြီး ထမင်းစားနေသည့် ပုဂံကို ခြေထောက်နှင့် ကန်လိုက်သဖြင့် ပထွေးဖြစ်သူ တင်သန်းက အနီးရှိ ထင်းခုတ်ဓားနှင့် ထခုတ်လိုက်ရာ အောင်မျိုးထက်၏ုယာနားထင်ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်စေ့ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ပြတ်ရှဒဏ်ရာတစ်ချက်ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားသည်။ ထို့ကြောင့် အမေတူ အဖေကွဲညီမဖြစ်သူ မလဲ့လဲ့ဝင်း၏ တိုင်တန်းချက်အရ တလုထ္ထော်နယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သူ တင်သန်းအား ဖမ်းဆီးရမိရေးအတွက် စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထမင်းပွဲကို ခြေထောက်နဲ့ ကန်တဲ့ မယားပါသားအား ပထွေးဖြစ်သူက ထင်းခွဲဓားမနဲ့ ခုတ်သတ်မှုဖြစ်ပွား ထမင်းပွဲကို ခြေထောက်နဲ့ ကန်တဲ့ မယားပါသားအား ပထွေးဖြစ်သူက ထင်းခွဲဓားမနဲ့ ခုတ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.