ခလေးများနှင့် လိင်ဆက်ဆံခြင်း အွန်လိုင်းဖွင့်ထားသည့် ထိုင်းနိုင်ငံသားများ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံမှာ ခလေးသူငယ်များနဲ့  လိင်ဆက်ဆံခြင်းဆိုင်ရာ အပြာဝက်ဆိုက်ပေါင်း ၅၀၀ ကျော်ကို ပိတ်ပင်လိုက်ပြီး ၀က်ဆိုက်တွေ ဖွင့်ထားသူ ထိုင်းနိုင်ငံသား (၆)ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းရဲတပ်ဖွဲ့ က မေလ ၁၅ ရက်နေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လိင်ဝက်ဆိုက်တွေဟာ အပြင်မှာ ခလေးမုဒိမ်း မှုခင်းတွေ တိုးပွားလာအောင် လှုံ့ ဆော်ပေးနေတာဖြစ်ပါတယ်။ စမုပရကမ်-စူရဌာနီ-အူဘွန်ရချဌာနီ ပြည်နယ်သုံးပြည်နယ်မှာ တရားခံတွေကို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လို့ ရဲဗိုလ်ချုပ် General Surachet Hakpal ဆူရချ ဟတ်ကပါယ် က သတင်းစာရှင်းပွဲမှာ ဖမ်းဆီးထားသူအဓိက တရားခံပုံတွေနဲ့  ပြသ ရှင်လင်းသွားပါတယ်။

၂၀၁၆ ခုနှစ်ကစတင်ပြီး အင်တာနက် မှုခင်းဆိုင်ရာ နောက်ယောင်ခံ စစ်ဆေးမှု အဖွဲ့ ကို စတင်ဖွဲ့ စည်းခဲ့ပြီး ခလေးငယ်များနဲ့  လိင်ဆက်ဆံတဲ့သူတွေ -၀က်ဆိုက်တွေဖွင့် ထားသူနဲ့  ခလေးငယ်များကိုလိင်ကုန်ကူးနေတဲ့အဖွဲ့ တွေကို အစင်တစိုက် စောင်ကြည့်လာခဲ့တာလို့  သိရပါတယ်။

ခုလိုခလေးငယ်တွေနဲ့  လိင်ဆက်ဆံနေတဲ့ အမှုတွေ အများဆုံးဖြစ်ပွားနေတာကတော့ နယ်စပ်ဒေသတွေဖြစ်ပါတယ်၊ တရားဥပဒေ အစပ်ဖြစ်နေတဲ့ မြန်မာ-လာအို-ကမ်ဘောဒီယား နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့တွေမှာ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေဖြစ်လာအောင် အများဆုံးမြူဆွယ်နေကြတာကတော့ အင်တာနက် အွန်လိုင်းမီဒီယာတွေဖြစ်ပါတယ်၊။

Social Action for Children and Women - SAW
ခလေးများနှင့် လိင်ဆက်ဆံခြင်း အွန်လိုင်းဖွင့်ထားသည့် ထိုင်းနိုင်ငံသားများ ဖမ်းဆီးခံရ ခလေးများနှင့် လိင်ဆက်ဆံခြင်း အွန်လိုင်းဖွင့်ထားသည့် ထိုင်းနိုင်ငံသားများ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.