ကန့်ဘလူမြို့နယ်တွင် အုတ်သယ်ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ၁၄၃၀ အချိန်တွင် ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ အလုပ်သမား ၁၀ ဦးနှင့် အုတ် ၅၀၀၀ ခန့်တင်ဆောင်၍ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်သော SGG/O- ×××× Nissan Diesel ၆ ဘီးယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အလုပ်သမား ၁၀ ဦးအနက် မစိုးစိုးရွှေ(၂၃)နှစ်ပါ မ၂ ဦးတွင် ဦးခေါင်းဖူးရောင်၊ နံရိုးကျိုးဒဏ်ရာများဖြင့် သေဆုံး ခဲ့ပြီး မသန်းသန်းစိုး(၁၄)နှစ်တွင် ယာခြေကျင်းဝတ်/ နံရိုးနှစ်ချောင်းကျိုး၊ ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)နှင့် မသက်သက်မွန်(၁၉)နှစ်ပါ၂ ဦး(ကျား ၁၊ မ ၁)တွင် ဝဲ/ယာခြေ နှစ်ချောင်း၊ ဝဲလက်ကျိုးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရပါသည်။

 ယာဉ်မောင်း(စုံစမ်းဆဲ)အား ကန့်ဘလူမြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ကန့်ဘလူမြို့နယ်တွင် အုတ်သယ်ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိ ကန့်ဘလူမြို့နယ်တွင် အုတ်သယ်ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.