ပခုက္ကူမြို့တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁ဝ၃၅ ရွက်နှင့်အတူ လူတစ်ဦးကို ဖမ်းဆီးထား

မန္တလေး ကျပ်တစ်သောင်းတန်ငွေစက္ကူအတုအမှု၏ ကွင်းဆက်ဖြစ်သူအား ပခုက္ကူမြို့တွင် ငွေအတုရွက်ရေတစ်ထောင်ကျော်နှင့်အတူ ဖမ်းဆီးထား
ပခုက္ကူ မေ ၁၆

မန္တလေးမှုခင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးထားသော ကျပ်တစ်သောင်းတန် ငွေစက္ကူအမှု၏ကွင်းဆက်အဖြစ် သတင်း ရထားသူတစ်ဦးကို မေ ၁၅ ရက် ည ၁၁ နာရီ ၅၈ မိနစ်ခန့်က ပခုက္ကူမြို့မှ နေအိမ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁ဝ၃၅ ရွက်ကိုလည်း သိမ်းဆည်းရမိ ခဲ့ကြောင်း မကွေးမှုခင်းရဲတပ်ဖွဲ့မှ သိရ သည်။

မကွေးမှုခင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်မောင်၏ ကြီးကြပ်မှုဖြင့် မကွေး မှုခင်းရဲတပ်ဖွဲ့ရဲအုပ် သန်းဇော် ဦးဆောင် ကာ ပခုက္ကူမြို့မရဲစခန်းမှူး၊ ဒုရဲမှူး သိန်းဆန်းဦး၊ ပခုက္ကူခရိုင် မှုခင်းအကူ ဌာနစိတ်မှ ရဲအုပ်မျိုးလွင်တို့ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဦးကိုလေး (သီးနှံပွဲစား)၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ အဆိုပါနေအိမ်တွင် ကျော်ဟိန်း (၃၇ နှစ်) ကုန်ကားမောင်း၊ တောင်ခင်ရန်းကျေးရွာ ဂန့်ဂေါမြို့ နေထိုင် သူအား တွေ့ရပြီး နေအိမ်အနောက် ဘက်၊ အိမ်သာနှင့် ခြံစည်းရိုး အုတ်နံရံ ကြားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထား သော ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝ၃၅ ရွက် တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်း၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အောင်ဆန်း ဝင်းပါသုံးဦးကို အမှုဖွင့်ထားကြောင်း၊ ပခုက္ကူမြို့မှ အိမ်ရှင် ဦးကိုလေးနှင့် ကွင်းဆက်အဖြစ် ဖမ်းဆီးရမိသူ ကျော်ဟိန်းတို့ကို ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

 ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပခုက္ကူမြို့တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁ဝ၃၅ ရွက်နှင့်အတူ လူတစ်ဦးကို ဖမ်းဆီးထား  ပခုက္ကူမြို့တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁ဝ၃၅ ရွက်နှင့်အတူ လူတစ်ဦးကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.