မေလ ၂၃ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁×၈၂ လမ်းထောင့်ရှိ ---ဟိုတယ်၊ အခန်းအမှတ် (---)တွင် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
"သေဆုံးသူက ဦးသိန်းကျော်ဦး(ဘ) ဦးကျော်သန်း၊ ၁၂/ကမန(နိုင်)၀၀၀၃၅၉ အသက်(၄၂)နှစ်၊ မဝန်းကျေးရွာ၊ ကော့မှူးမြို့နယ်လို့ သူပေးထားတဲ့မှတ်ပုံတင်အရသိရပါတယ်။ မေလ ၉ရက်နေ့က ဟိုတယ်ကို ရောက်ရှိတည်းခိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ရက်လောက်ကစပြီး အခန်းအပြင်ကိုထွက်တာမတွေ့ရဘူး။ ဒီနေ့နံနက်ပိုင်းမှာတော့ ဟိုတယ်ဝန်ထမ်းတွေက အခန်းသန့်ရှင်းရေးလုပ်ဖို့ တံခါးဖွင့်ခိုင်းတာ အတွင်း ပြန်ထူးသံမကြားရဘူး၊ နောက်ပြီးအခန်းအတွင်းကနေ အနံ့ဆိုးတွေ ထွက်နေတာကြောင့်ရော ဟိုတယ်မှာရှိတဲ့ သော့နဲ့ဖွင့်ဝင်ခဲ့ရာမှ ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေတာတွေ့ရလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ"ဟု ဟိုတယ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အခင်းဖြစ်ပွားရာသို့ အမှတ်(၈)မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်သိန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူရောက်ရှိ၍ လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အလောင်းအား မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။
သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၈)မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၈) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဟိုတယ်အိပ်ခန်းအတွင်း အမျိုးသားတစ်ဦးသေဆုံးနေ
Reviewed by THITHTOOLWIN
on
20:24
Rating:
