မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိ


၂၀၁၈ခုနှစ်၊ မေလ ၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် မဟာအောင်မြေမြို့နယ် Mr.BBQ စားသောက်ဆိုင်၌ ငွေစက္ကူအတုများ လဲလှယ်နေကြောင်းသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ စိုးလင်း(၄၀)နှစ်ပါ ၂ ဦးအား ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက်(ကျပ် ၃၀ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။


အဆိုပါစိုးလင်းပါ ၂ ဦးအား စစ်မေးရာ ၎င်းတို့၏ထွက်ဆိုချက်အရ ၂၀၂၀ အချိန်တွင် ကွင်းဆက်တရားခံဖြစ်သော အောင်ဆန်းဝင်း(၄၀)နှစ် အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၂၃၅၅ အချိန်တွင် စိုးလင်းပါ ၃ ဦး (ဖမ်းမိ)တို့အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၁၄/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါငွေစက္ကူအမျိုးအစားများအား မှုခင်းရဲတပ်ဖွဲ့၏ ပဏာမ စိစစ်ချက်အရ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက်အလျားနှင့်အနံ ၁ မီလီမီတာစီတို ခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ တန်ဖိုးရေစာများပုံ ရိပ်သာပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာနည်းဖြင့်တုပထားခြင်း၊ လျှို့ဝှက်ချက်များမပါရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိ မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.