ဖောင်းပြင် - - မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဖောင်းပြင်မြို့နယ် ပိုးစာကုန်းအုပ်စု ပိုးစာကုန်းကျေးရွာနှင့် မန်မော်ကျေးရွာ သွားသည့် ရွာချင်းဆက်လမ်း ပိုးစာကုန်းကျေးရွာ နှင့် (၁)မိုင်ခန့်အကွာ လမ်း၏ တောင်ဘက် ကိုင်းပင်များပေါက်နေသည့် ရေမရှိသောမြောင်း၌ ကျောင်းဆရာမ တစ်ဦး အသတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၂ ရက်(၁၉း၀၀) အချိန်တွင် မန်မော်ကျေးရွာနေ ဦး……………သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဒေါ်……………မှ နေအိမ်သို့ရောက်ရှိလာပြီး ၄င်း၏ သမီးဖြစ်သူ သေဆုံးသူ မ……………သည် တစ်ကျောင်းထဲတွင် အတူတာဝန်ကျသူ ကျောင်းဆရာမတစ်ဦးအား ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားကြိုရာမှ ပြန်ရောက်မလာကြောင်း လာရောက်အကြောင်းကြားသည့်အတွက် ဦး ………မှ မန်မော်ရွာသူ/သား များနှင့်အတူသွားရောက်ရှာဖွေကြရာ ၂၁း၃၀ အချိန်ခန့်တွင် ပိုးစာကုန်းကျေးရွာ နှင့် မန်မော်ရွာအကြား တွင် ၄င်းမောင်းနှင်သွားသည့် ဆိုင်ကယ်နှင့်အတူ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာဖြင့် မှောက်လျှက်သေဆုံးနေသည်ကို တွေ့ရသည်။
၎င်း၏ အနီးတွင် ၄င်းဝတ်ဆင်သည့်ဘောင်းဘီဟု ယူဆရသည့် အပြာနုရောင် အတွင်းခံဘောင်းဘီအားတွေ့ရပြီး သေဆုံးသူ မ………ကိုင်ဆောင်သည့် ဖုန်းတစ်လုံးအားလည်းတွေ့ရှိခဲ့ရသဖြင့် ဦး ………မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ အုပ်ချုပ်ရေးမှူးမှ ဖောင်းပြင်မြို့နယ် ရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့ပြီး ဖောင်းပြင်မြို့မရဲစခန်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Crd, photo
Iprd Phaungpyin
ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
Reviewed by THITHTOOLWIN
on
15:42
Rating:
