စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူနှစ်ဦး ဖမ်းဆီးခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ မြို့မရဲစခန်းကို တွေ့ရစဉ်/ Photo: Khaymani Win/RFA
စစ်ပွဲတွေရပ်တန့်ဖို့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က မန္တလေးမှာ ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲက ကိုအောင်မှိုင်းဆန်းနဲ့ ကိုဒိန်းဒေါင်တို့ကို ရဲတပ်ဖွဲ့က ဒီနေ့ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။

ကိုအောင်မှိုင်းဆန်း ဖမ်းဆီးခံရတဲ့ အခြေအနေကို သူ့ရဲ့ဇနီးဖြစ်သူ မလဲ့လဲ့နွယ် က ပြောပါတယ်။

ကိုအောင်မှိုင်းဆန်းနဲ့ ကိုဒိန်းဒေါင် တို့ဟာ လတ်တလောမှာ ချမ်းအေးသာဇံမြို့နယ် အမှတ်  ၈ ရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။

စစ်ပွဲတွေရပ်တန့်ဖို့အတွက် ဆန္ဒပြခဲ့ကြသူတွေထဲက ကိုအောင်မှိုင်းဆန်း၊ ကဗျာဆရာ ကိုကလစ်၊ ကိုဒိန်းဒေါင်တို့ကို ချမ်းအေးသာစံမြို့နယ် ရဲမှူးက တရားလိုပြုလုပ်ပြီး (ပ) ၂၄၅/၂၀၁၈ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မေလ ၇ရက်နေ့က ရန်ကုန်မြို့မှာလည်း ဗကသများအဖွဲ့ချုပ် နဲ့ လူ့ဘောင်သစ်လူငယ်တွေက စစ်ပွဲတွေ ရပ်တန့်ဖို့ နဲ့ ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီလူငယ်တွေထဲက ၄ ဦးကို ပုဒ်မ ၁၉ နဲ့ မြို့နယ် ၂ခုက လတ်တလောမှာ အမှုဖွင့်ထားပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့ နဲ့ ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ပဲခူးတိုင်း ပြည်မြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားအထိ လမ်းလျှောက်ခဲ့သူ ၂ဦးဟာ မနေ့က မကွေးတိုင်း အောင်လံမြို့အရောက်မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၉ နဲ့ ပြည်မြို့မရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်ပိုင်အာမခံနဲ့ လွတ်မြောက်နေပါတယ်။

RFA Burmese
https://www.rfa.org/burmese
စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူနှစ်ဦး ဖမ်းဆီးခံရ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူနှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.