ဖားကန့်၊မေ ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် မေလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီက မြေစာပုံပြိုကျရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရှာဖွေ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည့် ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ စံတော်ဝင်လုပ်ကွက်အတွင်း ရေမဆေးသမား ဦးမြင့်ကျော်(၄၁)နှစ်နှင့် ဦးအောင်ဘို(၄၀)နှစ်တို့ ရေမဆေးရှာဖွေစဉ် အမြင့်ပေ(၁၅၀)ခန့်မှ မြေစာသည် အကျယ်ပေ(၄၀၀)ခန့်ရှိ ရွံ့နွံကန်ထဲသို့ပြိုကျရာမှ မြေစာပိမိ၍ သေဆုံးခဲ့ကာ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် မေလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ မိုးရွာသွန်းမှုများကြောင့် မြေစာပုံပြိုကျသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး မိုးတွင်းကာလကျရောက်လာပြီဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မီးမီး
EPN
https://www.facebook.com/epngnews/
လုံးခင်းကျေးရွာတွင် မြေစာပုံပြိုကျရာမှ အမျိုးသားနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:57
Rating:
