မလေးရှားဝန်ကြီးချုပ်ဟောင်း တိုင်းပြည်က ထွက်ခွါခွင့်ပိတ်ခံရ

မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ၊ မေ ၁၁ ၂၀၁၈။
မလေးရှား ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ် နဲ့ သူဇနီးကို တိုင်းပြည်အတွင်းက ထွက်ခွာခွင့် သူကပိတ်ပင်လိုက်တာလို့ မလေးရှားဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက် က ပြောပါတယ်။ သူတို့ ၂ ယောက်ကို အမည်မည်း စာရင်းထဲ ထည့်သွင်းလိုက်ပြီး ခရီးသွားခွင့် ကို ပိတ်ပင်လိုက်တာလို့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးက အတည်ပြုပါတယ်။

ပေါက်ကြားလာတဲ့ လေယာဉ်ခရီးစဉ် တခုအရ ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ သူ့ ဇနီး ဖြစ်သူဟာ စနေနေ့မှာကိုယ်ပိုင် လေယာဉ် နဲ့ ဂျာကာတာကို သွားဖို့ စီစဉ်ထားတဲ့ အကြောင်း အေပီ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ဟာ 1MBD ရန်ပုံငွေ ကိစ္စ နဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု အတွက် အစိုးရမှာ လုံလောက်တဲ့ သက်သေရှိတယ် အသက် ၉၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဝန်ကြီးချုပ် သစ် မဟာ သီယာ က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ သူရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ခရီးတစ်ပတ်ကြာ သွားဖို့ ရှိနေတယ်လို့ ကြေငြာအပြီး တရားစွဲဆိုခံရမယ် အရေးကနေ ရှောင်ရှားဖို့ ကြိုးစားတာလို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ဝန်ကြီးချုပ်ဟောင်းကတော့ စွပ်စွဲမှုတွေ အားလုံးကို ငြင်းဆိုထားပါတယ်။ အတိုက်အခံခေါင်းဆောင်ဟောင်း Anwar Ibrahim ဟာ မလေးရှားဘုရင်ဆီကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အတွက် လာမယ့် အင်္ဂါနေ့မှာ ထောင်က လွတ်မြောက်ဖို့ရှိတယ်လို့ သမီးဖြစ်သူက သတင်းဌာနတွေ ကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မလေးရှားဝန်ကြီးချုပ်ဟောင်း တိုင်းပြည်က ထွက်ခွါခွင့်ပိတ်ခံရ မလေးရှားဝန်ကြီးချုပ်ဟောင်း တိုင်းပြည်က ထွက်ခွါခွင့်ပိတ်ခံရ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.