![]() |
ခေတ်သစ် ပန်းဦးဆွတ်သူလို့ နာမည်ကြီးခဲ့တဲ့ ခွန်တန်နဲ့ အပေါင်းအပါတွေဟာ အမှုဖွင့်ခံထားရတာဖြစ် |
ဘာသာရေးအကြောင်းပြပြီး ခေတ်သစ် ပန်းဦးဆွတ်သူလို့ နာမည်ကြီးခဲ့တဲ့ ခွန်တန်နဲ့ အပေါင်းအပါတွေဟာ အမှုဖွင့်ခံထားရတာဖြစ်ပြီး သူ့အပေါင်းအပါ ၅ ဦးက ထိန်းသိမ်းခံထားရတာပါ။
ခွန်တန်ခေါ် ဇာတ်လိုက်သ သာသနာလည်း ပြုခဲ့တဲ့အပြင် အလွဲသုံးစားမှုလည်း မရှိခဲ့သလို ရဟန်းဘဝမှာ မိန်းကလေး ၇ ဦးစလုံးနဲ့ လက်ချည်ခဲ့တယ်ဆိုတာ စွပ်စွဲခြင်းဖြစ်တဲ့အတွက် အမှုကနေ ကင်းလွခွင့်ပေးဖို့အတွက် ရှင်းလင်းပွဲကို ပြုလုပ်ရတာလို့ ပဲခူး ဥဿာမြို့သစ် ၆ ရပ်ကွက်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သူ စောမောင်ကြီးက ပြောပါတယ်။
ခွန်တန်နဲ့ ပတ်သက်တဲ့ ပအိုဝ်း ၅ ဦးကတော့ အလံတရာစေတီကို သက်ဆိုင်ရာ ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်တယ်ဆိုပြီး သာသနာညှိးနွမ်းမှုနဲ့ တရားစွဲဆိုခံနေရသလို ခွန်တန်ကတော့ ထွက်ပြေးလွတ်မြောက်နေတာပါ။
စေတီတော်ပြင်တာကလည်း အလှူရှင်တွေက သူ့နာမည်နဲ့လှူပေးနေတာဖြစ်ပြီး သဘောရိုးနဲ့ မသိနားမလည်လို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ စောမောင်ကြီးက ပြောပါတယ်။
အဲဒီရှင်းလင်းပွဲမှာ ခွန်တန်နဲ့ ပတ်သက်ခဲ့တယ်ဆိုတဲ့ မိန်းကလေးအချို့လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ခွန်တန်အမှု ရုပ်သိမ်းပေးရေး သတင်းစာရှင်းလင်းပွဲကို သထုံ ၊ လှည်းကူးတို့မှာ မူလက ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုလို့ ပဲခူးမှာ ကျင်းပခဲ့တာလို့ သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပန်းဦးဆွတ်သူ ခွန်တန်အမှုရုပ်သိမ်းပေးဖို့ တောင်းဆိုသူတွေရှိနေ
Reviewed by THITHTOOLWIN
on
20:06
Rating:
