မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သဲကုန်းမြို့နယ်အတွင်း နေအိမ် ၁ဝဝ ကျော်အမိုးလန်ပြိုလဲမှုများဖြစ်


သဲကုန်း မေ ၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း ယမန်နေ့ ညနေ ၆နာရီက မိုးသက်လေ ပြင်းများတိုက်ခတ်မှုကြောင့်မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၁အုပ်စုရှိ ကျေးရွာပေါင်း ၃၈ ရွာတွင် လူနေအိမ် ၁၃လုံးခန့်ပြိုလဲ ပြီး ၁၁၁လုံးခန့် အမိုးလန်ပျက်စီး ကာ ဘုန်းကြီးကျောင်းငါးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ ပြိုကျပျက်စီးသည့် နေအိမ်များမှ အိမ်ထောင်စုများ ယာယီနေထိုင်နိုင်ရေးအတွက် နီးစပ်ရာ မိသားစုများအိမ်တွင် စီစဉ်ပေးခြင်းနှင့် နေအိမ်အပျက် အစီးများ ရှင်းလင်းပေးခြင်းများကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သန်းထွန်းအောင်(သဲကုန်း)
The Union Daily
https://www.facebook.com/uniondaily.net
မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သဲကုန်းမြို့နယ်အတွင်း နေအိမ် ၁ဝဝ ကျော်အမိုးလန်ပြိုလဲမှုများဖြစ် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သဲကုန်းမြို့နယ်အတွင်း နေအိမ် ၁ဝဝ ကျော်အမိုးလန်ပြိုလဲမှုများဖြစ် Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.