![]() |
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို ၂၀၁၇ ဇွန်လ ၆ ရက်နေ့ကတွေ့ရစဉ်။ Photo: RFA |
ဝန်ကြီး ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဌတို့ထံ အစီရင်ခံစာတင် သွားမယ်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင် ဥက္ကဌ ဦးအောင်ကြည် က ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်လောက်မှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့နေအိမ်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က ၀င်ရောက်ရှာဖွေစစ်ဆေးပြီး ဦးကျော်ဝင်းနဲ့ သားဖြစ်သူကို ခေါ်ယူစစ်ဆေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဦးကျော်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖြစ်ကနေ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရချိန်မှာလည်း ဒေါက်တာဘွဲ့လက်မှတ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဦးကျော်ဝင်းဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ နှုတ်ထွက်စာတင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိလာတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ စစ်ဆေးတာဖြစ်တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ဝန်ကြီး ဦးကျော်ဝင်း ကို စစ်ဆေးတွေ့ရှိချက် သမ္မတထံတင်မည်
Reviewed by THITHTOOLWIN
on
15:06
Rating:
