ရေပူစစ်ဆေးရေးအဖွဲ့ မသင်္ကာဖွယ်ယာဉ်အား စစ်ဆေးရာ မြွေမျိုးစုံဖမ်းမိ


နေပြည်တော် မေ ၁၉

တရားမဝင်ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ ကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁ဝ၉၇ စီး ၊ သွင်းကုန် အစီး ၉၄၉၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၈ စီး၊ သွင်းကုန် ၂ဝ၄ စီး ကုန်စည်များ သယ်ယူ ပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက် လျက်ရှိရာ မေ ၁၈ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှတားဆီးမှု ခုနစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ်၁၇ ဒသမ ၃၉၇ သန်းခန့် ၊ မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်းမှ တားဆီးမှု ခြောက်မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၇ ဒသမ ၂၃၉ သန်းခန့်၊ စုစုပေါင်းတားဆီးမှု ၁၃ မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄ ဒသမ ၆၃၆ သန်းခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ သည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် မေ ၁၇ ရက်တွင် မန္တလေးမြို့နှင့် မူဆယ်မြို့များ သို့ သွားရောက်မည့်ယာဉ်များအား ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှု များဆောင်ရွက်စဉ် ကောင်းဟော် ကျေးရွာအနီး၌ မသင်္ကာဖွယ် ယာဉ် တစ်စီးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တင်သွင်း၊ တင်ပို့ခြင်းခွင့် မပြုသည့် တရားမဝင်မြွေပွေး အရှင် ၂၉၆ ကောင်၊ မြွေပွေးအသေ ၂၃ကောင်၊ စုစုပေါင်း ၁၃၂ပိဿာ၊ လင်းမြွေအရှင် ၂၁၆ ကောင်၊ လင်းမြွေအသေ ၁၆၉ ကောင် စုစုပေါင်း ၁၄၇ ပိဿာနှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၃၃၇ သန်းခန့်အား ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေပူစစ်ဆေးရေးအဖွဲ့ မသင်္ကာဖွယ်ယာဉ်အား စစ်ဆေးရာ မြွေမျိုးစုံဖမ်းမိ ရေပူစစ်ဆေးရေးအဖွဲ့ မသင်္ကာဖွယ်ယာဉ်အား စစ်ဆေးရာ မြွေမျိုးစုံဖမ်းမိ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.