တာချီလိတ်မြို့နယ်ရှိ လွန်းကျိုင်းကျေးရွာအနီး မဲခေါင်မြစ်ကမ်း၌ စက်လှေနှစ်စီးမီးလောင်မှုဖြစ်ပွား


တာချီလိတ် မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ လွန်းကျိုင်းကျေးရွာနှင့် ခုတ်ဝ ကျေးရွာအနီး မဲခေါင်မြစ်ကမ်းဘေး၊ ဘုရားလေးရေဆိပ်၌ ဆိုက်ကပ်ထားသည့် စက်လှေနှစ်စီး မေလ ၂၅ ရက်၊ ည ၈ နာရီ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဲခေါင်မြစ်ကမ်းဘေး၊ ဘုရားလေးရေဆိပ်၌ ဆိုက်ကပ် ထားသည့် အလျား ၁၂၀ပေ၊ အနံ ၂၀ ပေရှိ ဆီတင်ရေယာဉ်နှင့်အတူ ချည်နှောင်ထားရှိသည့် အလျား ၂၀ပေ၊ အနံ ၆ ပေရှိ ငါးဖမ်းစက်လှေ တစ်စီး၏စက်ခန်းမှ မီးစတင်လောင်ကျွမ်းပြီး၊ ဆီတင်ရေယာဉ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မီးလောင်မှုကြောင့် ယင်း ရေယာဉ် နှစ်စီးမှာ ကမ်းခြေနှင့် ချည်နှောင်ထားသည့် ကြိုးများပြတ် တောက်ပြီး မဲခေါင်မြစ်ရေစီးတွင် မျောပါ၍ ရွှေတြိဂံနေရာရှိ လာအိုဘက်ခြမ်း ရေလယ်ကျွန်းတွင် သောင်တင် ကာ မီးဆက်လက် လောင်ကျွမ်းခဲ့သည်။

 အဆိုပါ ရေယာဉ်နှစ်စီးတွင် ပဲ့နင်း ဦးစိုင်းစီ နှင့် လှေသားသုံးဦးပါရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မီးငြှိမ်း သတ်နိုင်ရေးနှင့် ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်မြို့နယ်ရှိ လွန်းကျိုင်းကျေးရွာအနီး မဲခေါင်မြစ်ကမ်း၌ စက်လှေနှစ်စီးမီးလောင်မှုဖြစ်ပွား တာချီလိတ်မြို့နယ်ရှိ လွန်းကျိုင်းကျေးရွာအနီး မဲခေါင်မြစ်ကမ်း၌ စက်လှေနှစ်စီးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.