![]() |
တိုးတက်မှုတွေကို လူအများ ခံစားနိုင်ပြီလား |
အဲဒီ အစီရင်ခံစာကို ကမ္ဘာ့ဘဏ် နဲ့ မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI တို့ ပူးပေါင်းပြီး ထုတ်ပြန် လိုက်တာပါ။
ပြည်တွင်းထုတ်ကုန် ဂျီဒီပီ တန်ဖိုး ၆.၄% ရှိတယ်လို့ ဆိုတဲ့ အတွက် ဒါဟာ ၅.၉% ရှိခဲ့တဲ့ အရင် ဘဏ္ဍာနှစ်ကနဲ့ နှိုင်းယှဉ်ရင် တိုးတက်လာတာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။
ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ တိုးတက်မှု ရှိနေပြီး၊ ငွေကြေး ဖောင်းပွမှုလည်း ကျဆင်း ခဲ့တယ်လို့ ကိန်းဂဏန်းတွေက ပြနေပေမယ့်၊ ရေရှည် ဆက်ထိန်းထား နိုင်ဖို့နဲ့ တိုးတက်မှုတွေကို လူအများ ပါဝင် ခံစားနိုင်စေဖို့ ကြိုးစားရဦးမှာ ဖြစ်တယ်လို့ မြန်မာ၊ ကမ္ဘောဒီးယား လာအို နိုင်ငံတွေဆိုင်ရာ ကမ္ဘာ့ဘဏ် ဒါရိုက်တာ အယ်လင် ဂိုးစတိန်းက ဆိုပါတယ်။
![]() |
ရေရှည် ဆက်ထိန်းထား နိုင်ဖို့လို |
အစီရင်ခံစာက ပြောထားတဲ့ ကိန်းဂဏန်း အချက်အလက် တချို့ကို ကောက်နှုတ်ရရင် ကလေးငယ်တွေ အဟာရချို့တဲ့မှု ခံစားရတဲ့ အခြေအနေ အရင်က ၃၅ % ရှိရာ က နေ ၂၅ % အထိ ကျဆင်းခဲ့ သလို၊ ငွေဖောင်းပွနှုန်းလည်း အရင် တနှစ် က ၇% ရှိရာကနေ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် မှာတော့ ၅.၅% အထိ ကျဆင်း ခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်နှစ်တွေမှာ ဂျီဒီပီ ၇% အထိ တိုးမယ်လို့လည်း ခန့်မှန်း ထားပါတယ်။
![]() |
စီးပွားရေး လာရောက် လုပ်ကိုင်ဖို့ ကောင်းမွန်တဲ့ နိုင်ငံတွေ အဆင့်မှာတော့ အဆင့် ၁၇ဝပဲ ချိတ်နေ |
စီးပွားရေး ဆိုင်ရာ မျှော်မှန်းချက်တွေ ကို အဟန့်အတား ဖြစ်စေမယ့် အကြောင်းတွေ အဖြစ် အစီရင်ခံစာက သတိပေးထားတဲ့ အထဲ ရခိုင်ပြည်နယ် အကြပ်အတည်းကြောင့် စီးပွားရေး ဆိုင်ရာ မသေချာ မရေရာမှုတွေလည်း ပေါ်ပေါက် လာနိုင်တယ် ဆိုတာ ပါဝင် နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
တိုးတက်မှုတွေကို လူအများ ခံစားနိုင်ဖို့ ကြိုးစားရဦးမယ်
Reviewed by THITHTOOLWIN
on
09:22
Rating:
