အီရန်ရေနံမြေကနေ ပြင်သစ်ကုမ္ပဏီထွက်ရင် တရုတ်က ဝင်ဖို့ အသင့်ရှိနေ


အီရန်နိုင်ငံအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်လုပ်လာလို့ ပြင်သစ်ရေနံကုမ္ပဏီ တိုတားလ်က အီရန်နိုင်ငံက ပြန်ထွက်သွားမယ်ဆိုရင် တရုတ်ပြည်က CNPC ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်း ကုမ္ပဏီကြီးက ဝင်ရောက်ဖို့ အသင့်ရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ အီရန်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တစ်ခုအရ ပြင်သစ်တို့ ထွက်ရင် တရုတ် ဝင်နိုင်တယ်ဆိုတဲ့ အချက်တစ်ချက် ပါရှိပြီး ဖြစ်ပါတယ်။

တိုတားလ် ကုမ္ပဏီက အခု တာဝန်ယူ လုပ်ကိုင်နေတဲ့ တောင်ပိုင်း ပါးစ်ရေနံမြေဟာ ကမ္ဘာပေါ်မှာ သဘာဝဓါတ်ငွေ့ စတုတ္ထ အများဆုံးထွက်တဲ့ ရေနံမြေ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အီရန်ရေနံမြေကနေ ပြင်သစ်ကုမ္ပဏီထွက်ရင် တရုတ်က ဝင်ဖို့ အသင့်ရှိနေ အီရန်ရေနံမြေကနေ ပြင်သစ်ကုမ္ပဏီထွက်ရင် တရုတ်က ဝင်ဖို့ အသင့်ရှိနေ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.