မန္တလေးတွင် မိခင်နှင်ကလေးအားသတ်ပြီး မီးရှိုခဲ့သူအား သေဒဏ်အပါအ၀င် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်


မေ ၈ ။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထိန်ကုန်း ရပ်ကွက်တွင် ၂၀၁၇။ဇန်န၀ါရီ ၁၉ ရက်နေ့က သားမိနှစ်ဦးကို သတ်ဖြတ်ပြီး မီးရှို့သည့်အမှုတွင် မန္တလေး ခရိုင်တရားရုံးမှ ယနေ့(မေ ၈)ရက်၊မွန်းလွဲ ၂ နာရီခွဲခန့်က လူသတ် မှုကျူး လွန် သူ ခိုင်ဝေအား ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂-၁(ဂ)အရ သေဒဏ်နှင့် ပုဒ်မ ၄၃၆ အရထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ၌ တစ်နှစ်၊၃ လနှီးပါးကြာခဲ့ကာ တရားလိုပြသက်သေ ၁၅ ဦးနှင့် တရားခံ သက်သေ ၁ ဦးတို့ကို ရုံးချိန်း ၅၅ ချိန်းဖြင့် စစ်ဆေးခဲ့ပြီး ငွေကြေးလိုအပ်ချက်ကြောင့် လူသတ်မှု ကျူးလွန်ခဲ့ သည်မှာ ထင်ရှားသဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သေဒါဏ်ချမှတ်ခဲ့တာအပြင် ၄၃၆ က နေအိမ်အဆောက်အအုံကို ပျက်စီးဖို့ အကြံနဲ့မီးရှို့တာကြောင့်ပါ။”ဒုခရိုင် တရားသူကြီး (ပြန်ကြားရေး အရာရှိ)ဦးစောဝီလီ ကပြောသည်။

ဖြစ်စဉ်မှာ အသက် ၃၇ နှစ်အရွယ်ဒေါ်နန်းခင်ထွေးဝင်းနှင့် ၎င်း၏ သမီးသုံးနှစ်အ ရွယ်ကလေးငယ်မနန်း ရွှေရည်မိုး တို့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ၅ နာရီခန့်က ဒေါ်နန်းခင်ထွေးဝင်း၏ အလောင်းကို ပလက်စတစ်ပုံးတစ်ခု တစ်ခုအတွင်း ခွေခေါက်ထည့် လျက်ဖြင့်တွေ့ရှိရကာ ကလေးငယ်အလောင်းမှာ ခရီးဆောင်အိတ်တစ်ခုအတွင်း မီးလောင် လျက်တွေ့ရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူ၏ဇနီးနှင့် ဖခင်ဖြစ်သူ ကိုတင်ထွန်းဝင်းကပြောကြားရာတွင်“ သမီးနဲ့ ဇနီးသေဆုံးသွားတာက ပြန် တော့ မရတော့ဘူးလေ။သူလုပ်တဲ့ ပြစ်မှုအတိုင်းအတိုင်း ပြန်ခံရတာ ကျေနပ်တယ်။ကိုယ်ပြုတဲ့ ကံ ကိုယ်ထံ ပြန်လာဆိုသလိုပေါ့။ထိရောက်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် တရားစိရင်ရေးကို ကျေးဇူးတင်တယ်။”ဟု ဆိုသည်။

ငွေကြေးအခက်အခဲရှိသည်အတွက် လူသတ်မှု ကျူးလွန်ကြောင်းသိရပြီး သိမ်းဆည်း ရရှိသည့် သက်သေခံ ပစ္စည်များအနက် ရွေထည်ပစ္စည်းများနှင့် ၇ လက်မခွဲခန့်အရှည်ရှိဓါးတစ်ချောင်းပါဝင်ကြောင်း၊ သေဆုံးသူတွင် ထိုးသွင်းဒဏ်ရာများနှင့် လည်ပင်းပြတ်ရှ ဒဏ်ရာများတွေ့ရှိခဲ့ကြောင်းသိရသည်။

Mandalay News
https://www.facebook.com/lin.aung.777
မန္တလေးတွင် မိခင်နှင်ကလေးအားသတ်ပြီး မီးရှိုခဲ့သူအား သေဒဏ်အပါအ၀င် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ် မန္တလေးတွင် မိခင်နှင်ကလေးအားသတ်ပြီး မီးရှိုခဲ့သူအား သေဒဏ်အပါအ၀င် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ် Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.