ဘားအံ၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ကာဘိုင်တစ်လက်၊ ယမ်းထောင်းလုပ်သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံး ဖမ်းမိ


ဘားအံ မေ ၂ဝ

ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ထလုံးကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ စိတ်ကြွရူးသွပ်ဆေးပြားအပြင် ကာဘိုင်သေနတ်တစ်လက်၊ တူမီးယမ်းထောင်းတစ်လက်နှင့် ခဲယမ်းများအပြင် လက်ပစ်ဗုံးတစ်လုံး ကိုပါ ဖမ်းဆီးရမိခဲ့သည်။

ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ ရဲအုပ်သက်စိုးဦးနှင့် ထုံးအိုင်နယ်မြေ ရဲစခန်းမှ ရဲအုပ်ညီညီမိုး ဦးဆောင်သည့် ရဲတပ်ဖွဲဝင်များသည် သတင်းအရ ဘားအံမြို့နယ် နောင်ထလုံးကျေးရွာ အုပ်စု နောင်ထလုံးကျေးရွာနေ စောညွန့် သိန်း၏ နေအိမ်တဲအား မေ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ်က ဝင်ရောက်ရှာဖွေ ခဲ့ရာ စောညွန့်သိန်းက နေအိမ်တဲမှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ခုခံကာ တဲနောက်ဖေး လယ်ကွင်းအတွင်းသို့ ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ လုံးထွေး၍ ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးရမိသည့် စောညွန့် သိန်းထံမှ ညာဘက်လက်ထဲတွင် အရှည် သုံးပေခန့်ရှိ ကာဘိုင်သေနတ် တစ်လက်၊ ကျည်နှစ်တောင့်အသင့် ထည့်ထားသော ကျည်အိမ်တစ်ခု၊ ၄င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဖျူးစ်ပါ လက်ပစ် ဗုံးတစ်လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၂ ပြားအား လည်းကောင်း၊ နေအိမ်တဲပေါ် မှ အရှည် လေးပေ၊ ၁ဝ လက်မခန့်ရှိ ခဲယမ်းအသင့်ထည့်ထားသည့် တူမီး ယမ်းထောင်းလုပ် သေနတ်တစ်လက် ကို လည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စောညွန့်သိန်း(၄၃ နှစ်)အား ထုံးအိုင်နယ်မြေရဲစခန်း တွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
ဘားအံ၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ကာဘိုင်တစ်လက်၊ ယမ်းထောင်းလုပ်သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံး ဖမ်းမိ ဘားအံ၌ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ကာဘိုင်တစ်လက်၊ ယမ်းထောင်းလုပ်သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံး ဖမ်းမိ Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.