သီပေါမြို့ နယ် ကုန်းသာကျေးရွာ၌ မိသားစုအိပ်နေစဉ် လူနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်သွား
ဓါတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)
သီပေါ- မေ ၂ဝ
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ ရပ်ကွက် ၂ ၌ မေ ၂ဝ ရက် နံနက်က လူနှစ်ဦး(စုံစမ်းဆဲ)က အိပ်နေသော လင်မယားကို အော်ခေါ်၍ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဓါတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)
သီပေါမြို့နယ် ပြည်ထောင်စု လမ်းမကြီး မြောက်ဘက် ကုန်းသာယာ ကျေးရွာ ရပ်ကွက် ၂ နေ စိုင်းသာဦး(ခ) စိုင်းမျိုးသာဦးနှင့် နန်းဆွေအိမ်တို့ ဆောက်လုပ်ဆဲအိမ်တွင် မိသားစုနှင့် အတူ အိပ်နေစဉ် မေ ၂ဝ ရက် နံနက် ၄ နာရီခန့်က အိပ်ရာခြေရင်းမှ ဓာတ်မီး နှင့်ထိုး၍ ၄င်း၏အမည်အား ခေါ်သဖြင့် အိပ်ရာမှ ထမည်ပြုစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားရာ စိုင်းသာဦး ၏ လက်ယာပေါင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)နှင့် ဇနီး ဖြစ်သူ နန်းဆွေအိမ်၏ဝမ်းဗိုက်ကို ကျည်ထိမှန်(စိုးရိမ်ရ) သွားသဖြင့် နယ်စည်းမခြား ပရဟိတအဖွဲ့ (သီပေါ)မှ မော်တော်ယာဉ်ဖြင့် သီပေါဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက် ရှိသည်။
အခင်းဖြစ်နေအိမ်အတွင်းမှ ၉ မမ ပစ္စတိုကျည်ခွံ သုံးခုကို တွေ့ရှိ၍သိမ်းဆည်း ခဲ့ပြီး တပ်မတော်မှ နယ်မြေအေးချမ်း ရေးအတွက် လိုက်လံရှင်းလင်းလျက် ရှိသည်။ စိုင်းသာဦးကို သေနတ်ဖြင့် ပစ်ခတ်သွားသူအား သီပေါမြို့မရဲစခန်း က အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စိုင်း(သီပေါ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Powered by Blogger.