မလေးရှားလေယာဉ် ရုရှားတွေ ပစ်ချခဲ့ဟု နယ်သာလန် ကြေညာ


ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းက ခရီးစဉ်အမှတ် MH17 လေယာဉ်ပျံကို ရုရှားတပ်ဖွဲ့တခုက ဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ နယ်သာလန် အစိုးရ ရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အဲဒီလေယဉ်ပျံပေါ်မှာ ပါသူ ၂၉၆ ဦးလုံး အသက်ဆုံးခဲ့ပြီး အများစုက နယ်သာလန်နိုင်ငံသားတွေပါ။

နယ်သာလန်အစိုးရရှေ့နေတွေက လေယာဉ်ကို အဲဒီ Buk ဘာ့ခ် အမျိုးအစား ဒုံးပျံနဲ့ ရုရှားအမှတ် ၅၃ တပ်မ က ပစ်ချခဲ့တာဖြစ်ကြောင်း ဒါပေမယ့် ပစ်ခတ်တဲ့တပ်ဖွဲ့ကို ဘယ်သူက ဦးဆောင်ခဲ့တယ်ဆိုတာ မသိရသေးကြာင်း ပြောပါတယ်။

ရုရှားအစိုးရကတော့ အဲဒီ ဘာ့ခ်ဒုံးပျံတွေကို ယူကရိနုးနိုင်ငံပိုင်နက်အတွင်း သယ်ဆောင်ချထားခြင်း တခါမှ မရှိခဲ့ဖူးလို့ တုန့်ပြန်ပြောကြားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားလေယာဉ် ရုရှားတွေ ပစ်ချခဲ့ဟု နယ်သာလန် ကြေညာ မလေးရှားလေယာဉ် ရုရှားတွေ ပစ်ချခဲ့ဟု နယ်သာလန် ကြေညာ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.