![]() |
အသက် ၁၄ နှစ်အောက် ကလေး ၁၅ သန်းပဲ ရှိ |
အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီက လွှတ်တော်အမတ် ကန်ဂျိအိ ကာတိုက မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေကို သူအဲဒီလိုအကြံပေးခဲ့တယ်လို့ အစည်းအဝေးတခုမှာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
ဂျပန်ရဲ့ ကလေးမွေးနှုန်းက အနှစ် တရာကျော်အတွင်း အနည်းဆုံး ဖြစ်နေပေမယ့် လူတိုင်းက ဒီ ၇၂ နှစ် အရွယ် အမတ်ရဲ့ အကြံဉာဏ်ကို သဘောတူတာ မဟုတ်ပါဘူး။
ဂျပန် လွှတ်တော်ထဲက အမျိုးသမီး အမတ် အများအပြားက သူ့ကို လိင်ခွဲခြားတဲ့လူ၊ ယောက်ျား ကြီးစိုးရေး ဝါဒီလို့ စွပ်စွဲကြပါတယ်။
လစ်ဘရယ် ဒီမိုကရက်ပါတီက လူကြီး အမတ်တွေထဲက ဒီလို စကားပြောတာတော့ ဒါ ပထမဆုံး မဟုတ်ပါဘူး။
![]() |
ဂျပန်မှာ မွေးဖွားနှုန်းကျပြီး သက်ကြီးရွယ်အို တိုးလာနေ |
မနှစ်က ဂျပန်မှာ မွေးတဲ့ ကလေး အရေအတွက်က ကိုးသိန်းခွဲ မပြည့်ပါဘူး။ ဒါဟာ ၁၈၉၉ နောက်ပိုင်း အနည်းဆုံး ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဂျပန်မတွေ ကလေး သုံးယောက် ယူသင့်တယ် ပြောတဲ့ အမတ် တောင်းပန်
Reviewed by THITHTOOLWIN
on
22:06
Rating:
