မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တရုတ် တာဝန်ရှိသူတို့ တွေ့ဆုံ


လားရှိုး၊ မေ ၁၈ ။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး၊ဆွေးနွေး ညှိနှိုင်းရေးအမြဲတမ်း ကော်မတီ (FPNCC ) နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် MR SUN GUOXIANG တို့ ယနေ့ မေလ ၁၈ ရက်ကတရုတ်နိုင်ငံ ကူမင်းမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း FPNCC ကတင်းထုတ်ပြန်သည်။


ဆွေးနွေးပွဲတွင် MR SUN GUOXIANG ကလက်ရှိ နယ်စပ်ပြသနာများကို စစ်ရေးဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ ၂၁ ရာစုပင်လုံကို အစိုးရကဖိတ်ကြားပါကတက်ရောက်ရန်ဆွေးနွေးခဲ့ကြောင်း၊ FPNCC ကလည်း နယ်စပ်ပြသနာများကိုတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာ ရန် အသင့်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့တွင် UWSA၊ KIA ၊TNLA၊ SSPP၊ MDAA၊ MNDAA ၊AA စသည့်အဖွဲ့များပါဝင်သည်။

နွယ်နီ
PHOTO _ NR
The Asia Heart News
မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တရုတ် တာဝန်ရှိသူတို့ တွေ့ဆုံ မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တရုတ် တာဝန်ရှိသူတို့ တွေ့ဆုံ Reviewed by THITHTOOLWIN on 00:02 Rating: 5
Powered by Blogger.