ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် တစ်နာရီကျော်ကြာ ပိတ်မိနေသည့် လူ ၁၇ ဦးကို ကယ်ထုတ်ခဲ့


ရန်ကုန် မေ ၁၉

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် ဓာတ်လှေကားမောင်းသူ အပါအဝင် လူ ၁၇ ဦး ဓာတ်လှေကားအတွင်း တစ်နာရီကျော်ကြာ ပိတ်မိနေခဲ့ခြင်း ကြောင့် ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ် မေလ ၁၉ ရက်နေ့  နံနက် ၇ နာရီ မိနစ် ၅ဝ က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုတ်တရက်စက်ချွတ်ယွင်း

ဖြစ်စဉ်မှာ အရှေ့ဘက်မုခ် ဓာတ်လှေကားအတက်(ညာဘက်ခြမ်း)၌ ဓာတ် လှေကားမောင်းသူ အပါအဝင် ကျား ငါးဦး၊ မ ကိုးဦးနှင့် ကလေးနှစ်ဦး သယ်ဆောင်ပြီး အပေါ်တက်ရာ ရောက်ခါနီး ၁၅ ပေအလိုတွင် လျှပ်စစ်ဗို့အားများ၍ မီးဖြတ်တောက်မှု ကြောင့် ရုတ်တရက်စက်ချွတ်ယွင်းရပ်တန့်သွားကာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

''ဓာတ်လှေကားဟာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားနိုင်တယ်၊ ဓာတ်အားပြတ်တောက်တာတို့၊ ဗို့အားများတာတို့ဆို ဓာတ်လှေကားဟာ ရပ်တန့်သွား တဲ့အတွက် အော်တိုဘရိတ်တွေ ဖမ်းပြီးသားဖြစ်သွားတယ်၊ ပုံမှန်ဆိုရင် အော်တိုဘရိတ် တွေကို အပေါ်ကတက်ခွာလိုက်ရင် ဓာတ်လှေကားဟာ အပေါ်နီးရင်အပေါ်၊ အောက်နီး ရင်အောက်သွားပြီး သှူအလိုလိုပွင့်သွားတယ်၊ အဲလိုလုပ်တဲ့အခါမှာ လုပ်လို့မရဘူး၊ မရတဲ့အတွက် ၈ နာရီ ၁၅ မိနစ်မှာ အပေါ်ကနေ ဓာတ်လှေကားအမိုးပေါ် ကြိုးနဲ့ဆင်း အမိုးကိုဖွင့်ပြီး လှေကားနဲ့အထဲက ဘုရားဖူးခရီးသည်တွေကို ကယ်ထုတ်တယ်၊ ၉ နာရီ ၁၅ မိနစ်မှာတော့ ပိတ်မိနေတဲ့သူတွေအားလုံး အပေါ်ကို ရောက်လာတယ်၊ ထိခိုက် ဒဏ်ရာရရှိတဲ့သူတွေတော့ မရှိပါဘူး'' ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။

ဝိုင်းဝန်းကယ်တင်ဆောင်ရွက်

ဓာတ်လှေကားအတွင်း ပိတ်မိနေသူများအား ရွှေတိဂုံဘုရားလုံခြုံရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ဓာတ်လှေကားဝန်ထမ်းများက လူအင်အား ၃ဝ ဖြင့် ဝိုင်းဝန်းကယ်တင်ဆောင်ရွက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်လှေကားကို ပြီးခဲ့သည့် ဧပြီ ၃ ရက်တွင် မစ်ဆူဘီရှီကုမ္ပဏီမှ အသစ် တပ်ဆင်လှူဒါန်းခဲ့ပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မစ်ဆူဘီရှီကုမ္ပဏီဘက်မှ တာဝန်ရှိ သူများ၏ ပြောပြချက်များအား ရွှေတိဂုံဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ''သူတို့ပြောတာကတော့ အော်တိုဘရိတ်ဖမ်းတဲ့အခါ အပေါ်က ဘရိတ်ကြိုးတွေကို ခွာလိုက်လို့ရှိရင် အပေါ်ကိုတက်သွားပြီး သှူအလိုလိုပွင့်သွားတယ်၊ အခုဟာက အဲလို ခွာလိုက်တဲ့အချိန်မှာ ဘရိတ်ကမလွတ်ဘူး၊ သူတို့ကိုမေးလိုက်တော့ ဝိတ်ကများနေလို့ လို့ပြောတယ်၊ ကောင်တာဝိတ်တုံးထက်များနေလို့ အပေါ်တက်ရမယ့်အစား အောက် ကို ဆင်းတယ်၊ အောက်ဆင်းတော့လည်း စက်မှာပါတဲ့ အော်တိုဘရိတ်က ထပ်ဖမ်းတယ်၊ ကောင်တာဝိတ်တုံးထက် ဓာတ်လှေကား တင်ဆောင်တဲ့ ခရီးသည်ဝိတ်က နည်းမှရမယ် ပြောတယ်၊ အဓိကကတော့ တင်ဆောင်တဲ့ဝိတ်များနေရင် အလန်းပေးတဲ့ စက်ပါမှ အဆင်ပြေမယ်၊ သူရဲ့အော်တိုကိုက အပေါ်တက်ရင်လက်ခံတယ်၊ အောက်ဆင်းရင် လက်မခံဘူး၊ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့လိုတယ်၊ အခုဓာတ်လှေကားက ၁၅ ယောက်ပဲ ဆံ့တယ်၊ ဝတဲ့သူတွေ အထုပ်အပိုးတွေပါရင် ပိုဆိုးတာပေါ့၊ များနေတော့ ဓာတ်လှေကားက အပေါ်ကိုမတက်ဘူး အောက်ကိုပြုတ်ကျတယ်၊ အောက်ကိုပဲကျနေ တော့ ဘရိတ်ကို ဖြုတ်လို့ မရတော့ဘူး၊ အဲဒါကြောင့် ခက်ခက်ခဲခဲ ပြန်ကယ်ထုတ်နေရ တာလို့ ပြောတယ်၊ ဓာတ်လှေကား ကောင်တာဝိတ်တုံးထက် များလို့မရဘူး၊ ဝိတ်များ နေတဲ့အတွက် ဘရိတ်လျှော့တဲ့အချိန်မှာ ဓာတ်လှေကားအိမ်ဟာ အောက်ကိုပဲကျနေလို့ စက်ကဘရိတ်ကို ပြန်ဖမ်းပြီး မလွတ်တော့တာလို့ မစ်ဆူဘီရှီက တာဝန်ရှိတဲ့သူတွေ က ပြောတယ်''ဟု ရှင်းပြသည်။

အသက်အ္တရာယ်လုံခြုံရေး

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယဟိမဝ္တာမှ အရိုးဓာတ်တော် သယ်ဆောင် စဉ် တောင်ဘက် ဓာတ်လှေကား၌ လူ ၃ဝ ပိတ်မိသည့်ဖြစ်စဉ်အပါအဝင် ရွှေတိဂုံဘုရား ရှိ ဓာတ်လှေကားအတွင်း ပိတ်မိသည့်ဖြစ်စဉ်သည် ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဓာတ်လှေကားများတွင် အဓိကလိုအပ်ချက်ဖြစ်သော ခရီးသည်တင်ဆောင် မှုဝိတ်များလျှင် အချက်ပြသည့် သတိပေးစက်တပ်ဆင်ရန် လိုအပ်ကြောင်း၊ ဓာတ် လှေကားအတွင်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက အချိန်မီကယ်ထုတ် နိုင်ရန်နှင့် ပြန်လည်ပြုပြင်နိုင်ရန် နည်းပညာများတတ်သိထားရန် လိုအပ်ကြောင်း၊ ရွှေတိဂုံ ဘုရားရှိ ဓာတ်လှေကားဝန်ထမ်းများအား နည်းပညာပိုင်းများ သင်တန်းပို့ချရန် မစ်ဆူ ဘီရှီကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးထားကြောင်း၊ ပြည်သူများ၏ အသက်အ္တရာယ်လုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ငွေက ပြောသည်။

သတင်းနှင့် ဓာတ်ပုံ-အေးမင်းသူ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် တစ်နာရီကျော်ကြာ ပိတ်မိနေသည့် လူ ၁၇ ဦးကို ကယ်ထုတ်ခဲ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချွတ်ယွင်းမှုကြောင့် တစ်နာရီကျော်ကြာ ပိတ်မိနေသည့် လူ ၁၇ ဦးကို ကယ်ထုတ်ခဲ့ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.