သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်တယ်လို့စွပ်စွဲထားတဲ့ ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih ကို မေလ ၁၁ ရက်နေ့ က ကလေးခရိုင်တရားရုံးက မုဒိမ်းမှုအပါအဝင် ပုဒ်မလေးခုနဲ့ တရားစွဲတင်လိုက်ပြီလို့သိရတယ်။
ဧဝံဂေလိဆရာတော်ကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်တယ်။
![]() |
Evan. S Lar Boih |
ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိဆရာတော် Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၄င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ နောက်ထပ်ရုံးချိန်းကတော့ မေလ (၂၅)ရက်ဖြစ်ပါတယ်။
By za len
https://zalen.info/
ဧဝံဂေလိဆရာတော်ကို မုဒိမ်းမှုအပါအဝင် ပုဒ်မ လေးခုနဲ့တရားစွဲလိုက်ပြီ
Reviewed by THITHTOOLWIN
on
11:09
Rating:
