သပိတ်ကျင်းမြို့နယ် သနပ်ခါးချောင်းဖျားတွင် မုဆိုးများသတ်ဖြတ်ထားသည့် တောင်ဆင်ရိုင်းအသေတစ်ကောင် တွေ့ရှိ


သပိတ်ကျင်း မေ ၂၅

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် သနပ်ခါးချောင်းဖျားအနီးတွင် မေ ၂၃ ရက်က မုဆိုးများ သတ်ဖြတ်ထား သည့် တောဆင်ရိုင်းအသေတစ်ကောင် တွေ့ရှိကြောင်း သတင်းပေးတိုင်ကြား ချက်အရ တောဆင်ရိုင်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးစခန်း (အုံး ပိုင်)မှ ဒုရဲအုပ်ဆန်းဦးနှင့် ပူးပေါင်းအဖွဲ့ များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ကျောက်ကြီး ကျေးရွာ မြောက်ဘက်လေးမိုင်ခန့်အကွာ အုံးပိုင်ကျေးရွာ၏ အရှေ့မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ သနပ်ခါးချောင်းဖျား အနီးတွင် တောဆင်ရိုင်းအသေ တစ်ကောင် တွေ့ရှိကြောင်း အုံးပိုင် ကျေးရွာနေ တောင်သူ ဦးဖိုးကျော်၏ သတင်းပေးတိုင်ကြားချက်အရ သပိတ် ကျင်းမြို့နယ် တောဆင်ရိုင်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက် စခန်း(အုံးပိုင်)မှ ဒုတိယရဲအုပ် ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရ္ဆာန်ဦးစီးဌာန(ရွှေဥဒေါင်း ဘေးမဲ့တော)မှ ဦးအောင်မင်း(တောအုပ်)နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်း များ ပူးပေါင်းအဖွဲ့သည် အုံးပိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းစစ်ဆေးရာ အမြင့်ကိုးပေ ရှိ နှာမောင်းဖြတ်ထားပြီး အရေခွံခွာ ထားသည့် ဆင်အထီး အသေတစ်ကောင် ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။

ယင်းနောက် အဖွဲ့ဝင်များသည် ပတ်ဝန်းကျင်ကို ဆက်လက် စစ်ဆေး ရှာဖွေရာ မုဆိုးလေးဦးအား တွေ့ရှိခဲ့ပြီး ၄င်းတို့၏ လက်ထဲတွင် တူမီးသေနတ် ကိုင်ဆောင်ထားသည်ကို တွေ့ရှိရသဖြင့် ဒုရဲအုပ်ဆန်းဦးနှင့်အဖွဲ့က သေနတ် ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ¤င်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ¤င်းတို့ အသုံးပြုသည့် တူမီးသေနတ် တစ်လက်၊ မြားနှစ်ချောင်း၊ ရဲဒင်း တစ်လက်နှင့် အဆိပ်ထည့်ထားသည့် ပင်နီဆီလင် ခြောက်ပုလင်း၊ ယမ်း ၂၅ ကျပ်သားတို့ကို သိမ်းဆည်းရမိခဲ့သည်။

သို့ဖြစ်၍ တောဆင်ရိုင်းတစ်ကောင် အား သတ်ဖြတ်သွားသည့် ဆင်သတ်မုဆိုး များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အမှု ဖွင့် တိုင်ကြားထားပြီး ပြစ်မှုကျူးလွန်သူ များ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သပိတ်ကျင်းမြို့နယ် သနပ်ခါးချောင်းဖျားတွင် မုဆိုးများသတ်ဖြတ်ထားသည့် တောင်ဆင်ရိုင်းအသေတစ်ကောင် တွေ့ရှိ သပိတ်ကျင်းမြို့နယ် သနပ်ခါးချောင်းဖျားတွင် မုဆိုးများသတ်ဖြတ်ထားသည့် တောင်ဆင်ရိုင်းအသေတစ်ကောင် တွေ့ရှိ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.