![]() |
လေယာဉ် ပျက်ကျရာ နေရာမှာ မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေ |
လူ ၃ ဦးပဲ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ဒဏ်ရာတွေက ပြင်းထန်တယ်လို့ သိရပါတယ်။
အစောပိုင်းတုန်းက လေယာဉ် ပျက်ကျရာ နေရာကို သွားရောက် ကြည့်ရှုခဲ့တဲ့ ကျူးဘား သမ္မတ မီဂဲ ဒီယက်ဇ် ကနဲ က သေဆုံးသူတွေအတွက် အစိုးရကိုယ်စား ဝမ်းနည်းစကား ပြောခဲ့ပါတယ်။
ကျူးဘား အစိုးရပိုင် Cubana de Aviacion လေကြောင်းပိုင် အဲဒီ ဘိုးအင်း 737 လေယာဉ်ဟာ မက္ကဆီကန် ချာတာကုမ္ပဏီတခုကနေ ငှားပြီး ပြည်တွင်း ပြေးဆွဲနေတဲ့ လေယာဉ် ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ မက္ကဆီကန် လေယာဉ်အမှုထမ်း ၆ ဦး ပါတယ်လို့ သိရပါတယ်။
ဘာ့ကြောင့် အခုလို ပျက်ကျခဲ့တာလဲ ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကျူးဘားမှာ ခရီးသည်တင် လေယာဉ် ပျက်ကျ
Reviewed by THITHTOOLWIN
on
08:28
Rating:
