မြောက်ကိုရီးယားနိုင်ငံက ဖျက်စီးပစ်မယ်လို့ ကတိပေးထားတဲ့ အနုမြူစမ်းသတ်တဲ့နေရာကို သက်သေအဖြစ်ကြည့်ရှုဖို့ နိုင်ငံခြားသတင်းထောက်များ အင်္ဂါနေ့က ချာတာလေယာဉ်နဲ့ တရုတ်ပြည်က ထွက်ခွာသွားကြပါတယ်။
သတင်းထောက်တွေထဲမှာ တရုတ်၊ အမေရိကန်၊ ရုရှားသတင်းထောက်တွေနဲ့ အတူ တခြားသတင်းထောက်တချို့ပါဝင်ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံမြောက်ဘက်ပိုင်းမှာရှိတဲ့ တောင်ကိုဖေါက်ပြီးပြုလုပ်ထားတဲ့ Punggye-ri စမ်းသပ်စခန်းကို သွားရောက်ကြတာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ကြိုဆိုတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြိုဆိုကြပြီး၊ မြောက်ကိုရီးယားအရေးအထူးပြုလေ့လာသူ Yang Moo-jin က ဒီပြုအမူဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ သွေးရိုးသားရိုးဆောင်ရွက်ချက်ဖြစ်ပြီး လာမယ့်ဇွန်လ၁၂ရက်နေ့ အမေရိကန်နဲ့ တွေ့ဆုံပွဲမှာ အလျော့အတင်းကစားဖို့ ဆောင်ရွက်ချက်ဟုတ်ပုံမရဘူးလို့ ဝေဖန်ပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားသံတမန်ရေး အကယ်ဒမီက ပညာရှင် Kim Hyun-wook ကတော့ အနုမြူစမ်းသပ်တဲ့နေရာဆိုတာ ဖျက်စီးလိုက်ပေမဲ့ အလွယ်တကူပြန်လုပ်လို့ ရပါတယ်လို့ ဝေဖန်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြောက်ကိုရီးယားက ဖျက်ဆီးပစ်မယ့် အနုမြူစမ်းသပ်တဲ့နေရာတွေကို နိုင်ငံခြားမီဒီယာတွေ သွားရောက်
Reviewed by THITHTOOLWIN
on
15:16
Rating:
