ရတနာပုံဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်မှ ပိုက်ဆံအိတ် ခိုးယူထွက်ပြေးလာသူအား ဖမ်းဆီးရမိ


မေလ ၁၃ရက်နေ့ ညနေ၄နာရီကျော်အချိန်ခန့်က မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်း၊ ၇၆×၇၇လမ်းကြားတွင် ရတနာပုံဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်မှ ပိုက်ဆံအိတ် ခိုးယူထွက်ပြေးလာသူတစ်ဦးအား ဈေးသူဈေးသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ်(၈)မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ထင်လင်းကျော်နှင့် အဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရတနာပုံဈေး အနီး၌ အမျိုးသားတစ်ဦးမှာ မိန်းမကိုင်ပိုက်ဆံအိတ်တစ်လုံးအား ကိုင်ဆောင် ထွက်ပြေးလာသည်ကို တွေ့ရသဖြင့် ဈေးသူဈေးသားများနှင့်အတူ ပူးပေါင်းဖမ်းဆီးခဲ့ပြီး သက်သေများရှေ့ စစ်မေးခဲ့ရာ ဇော်ဇော်ထွေး(ခ)သော်တာ၊ ၂၇နှစ်၊ (ဘ)ဦးမောင်မောင်၊ ပန်းရံလုပ်၊ (မမ-၁၁)မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူဖြစ်ကြောင်းသိရပြီး ၎င်းကိုင်ဆောင်လာသော အိတ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသ ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် ဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်မှ ခိုးယူထွက်ပြေးလာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ရဲစခန်း (ပ)၂၅၅/၂၀၁၈၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ရတနာပုံဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်မှ ပိုက်ဆံအိတ် ခိုးယူထွက်ပြေးလာသူအား ဖမ်းဆီးရမိ ရတနာပုံဈေးအတွင်းရှိ ဆိုင်တစ်ဆိုင်မှ ပိုက်ဆံအိတ် ခိုးယူထွက်ပြေးလာသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.