အသုဘ အိမ်သွားရာမှ အပြန် ဆိုင်ကယ်လု၍ အသတ်ခံရ

မွန် မေ ၂၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ပြည်တော်သာရပ်နေ ဦးထွန်းလိန် (၄၉) နှစ်သည် ၂၆.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်း၌ ရေးမြို့နယ်ရှိ အမျိုးတစ်ဦး၏ အသုဘသို့ထွက်ခွာသွားရာမှ ၂၇.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြား ဝဲခမိကျေးရွာ အနီး၌ အသတ်ခံရ၍ ပြစ်ထားသည်ကိုတွေ့ရှိရသည်။

 စုံစမ်းစစ်ဆေးရာ ၎င်းယမန်နေ့က စီးနင်းသွားသော ၅၅/ယ ၉၅၂၈၈ ငါးမွေးထိုးဆိုင်ကယ်ပျောက်ဆုံးနေသဖြင့် ဆိုင်ကယ်လုယက်၍ လူသတ်သွားသည်ဟု ကနဦးစုံစမ်း သိရှိရပါသည်။

ထိုနောက် သေဆုံးသူ၏ရုပ်အလောင်းအား ပိုင်ရှင်မဲ့ နာရေးကူညီမှုအသင်း (သံဖြူဇရပ်မြို့နယ်) ၊ မြို့နယ်နာရေးအသင်းကြီး ၊ မြို့နယ်ကြက်ခြေနီအသင်း မှ သံဖြူဇရပ်ပြည့်သူဆေးရုံသို့ ကူညီယူဆောင်သွား၍ မှုခင်းဆရာဝန်၏ ရင်ခွဲစစ်ဆေးခြင်းမှုခင်းဆိုင်ရာကိစ္စများဆောင်ရွတ်ခဲ့ပြီး ကျန်ရှိရုပ်အလောင်းအား သေဆုံးသူ၏ဆွေမျိုးများမှ ပငကျေးရွာသို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရပါသည်။

အမွှာညီနောင်
MCRA-SH
မုဒုံမြို့နယ် ၊ မွန်ပြည်နယ်
အသုဘ အိမ်သွားရာမှ အပြန် ဆိုင်ကယ်လု၍ အသတ်ခံရ အသုဘ အိမ်သွားရာမှ အပြန် ဆိုင်ကယ်လု၍ အသတ်ခံရ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.