ဒုရဲအုပ် မှ ခြောက်လှန့်ပစ်ခတ်စဉ် တရားခံပြေး(၁)ဦး သေဆုံး


ကသာခရိုင် ဝန်းသိုမြို့နယ် မယ်ဇလီအုပ်စု ကျွဲခြံကူးကျေးရွာ အရှေ့တောင်ဖက် (၉)မိုင်ခန့် အကွာတွင် တရားခံပြေး သိုင်းအောင် ရောက်ရှိနေကြောင်း သတင်းရသဖြင့် (23.5.2018)ရက်နေ့ (12:00) အချိန် သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံသဖြင့် ဒုရဲအုပ်မှ ခြောက်လှန့် ပစ်ခတ်စဉ် တရားပြေးသေဆုံးသွားကြောင်း သိရပါသည်။

တရားခံပြေး သိုင်းအောင် သည် နေအိမ်အတွင်းမှ ပြေးထွက်လာပြီး ရှေ့ဆုံးမှာရှိသည့် ဒုရဲအုပ် ရဲမင်းထွန်း ကို ဓါးဖြင့်ထိုး ဒုတ်ဖြင့်ရိုက် သဖြင့် ဒုရဲအုပ် ရဲမင်းထွန်း က ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်ဖြင့် (၁)ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 သိုင်းအောင် ၏ ရှေ့ဝဲဘက်ပေါင်ရင်းဆီးစပ် ကို ကျည်ဆံ ထိမှန်ပြီး နောက်တင်ပါးဆုံ ပေါက်ထွက် ဒဏ်ရာ ရရှိခဲ့သဖြင့် ဝန်းသိုပြည်သူ့ဆေးရုံ သို့ ပို့အပ် ဆေးကုသစဉ် တရားခံပြေး သိုင်းအောင် (၃၄ - နှစ်) ဝန်းသိုမြို့နယ် ကျွဲခြံကူးကျေးရွာ နေထိုင်သူ သည် သေဆုံးသွားကြောင်း သိရသည်။

နိုင်ကြီး (ကသာ)
ဒုရဲအုပ် မှ ခြောက်လှန့်ပစ်ခတ်စဉ် တရားခံပြေး(၁)ဦး သေဆုံး ဒုရဲအုပ် မှ ခြောက်လှန့်ပစ်ခတ်စဉ် တရားခံပြေး(၁)ဦး သေဆုံး Reviewed by THITHTOOLWIN on 12:08 Rating: 5
Powered by Blogger.