![]() |
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်ကြား ကမ်းဖြူ ကျေးရွာ အရှေ့ဘက်သောင်ခုံတွင် ဧရာဝတီလင်းပိုင်တစ်ကောင် သောင်တင်သေဆုံး |
သေဆုံးသွားသည့် လင်းပိုင်မှာ အမ ဖြစ်၍ ခန္ဓာကိုယ်အလျားမှာ အလျား ၆ ပေ ၈ လက်မ ရှိပါသည်။ တိုင်းတာစစ်ဆေး၍ ရေလွတ်ရာ သောင်ခုံအမြင့်တွင် မြေမြုပ်ပြီး နောင်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ အရိုးငြမ်းရယူဆောင်ရွက်သွားမည်။
လင်းပိုင်သေဆုံးမှုနှင့် ပတ်သက်၍ ရေလုပ်သားများ၏ပြောပြချက်နှင့် လင်းပိုင်ကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပိုက်ငြိသေဆုံးသည်ဟု ယူဆရပါသည်။ စဥ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီဌာနမှူး၊ ၀န်ထမ်းများနှင့် အတူ သားငှက်ထိန်းသိမ်းရေး အဖွဲ့မှ ဦးသန့်ဇင် တို့ စစ်ဆေးအတည်ပြုခဲ့ကြပါသည်။
WCS Myanmar
ဧရာဝတီလင်းပိုင်တစ်ကောင် သောင်တင်သေဆုံး
Reviewed by THITHTOOLWIN
on
21:59
Rating:
