ရေကြည်မြို့ နယ်မှာ သားအမိ ၂ ဦး ကားတိုက်ခံရ၍ သေဆုံး


ယနေ့ မေလ ၈ ရက်နေ့ နံနက် ၅ နာရီခန့် က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ပျဉ်ကဒိုးကုံးကျေးရွာအနီး ကျီးတောအိုင်ရွာမှ ရေကြည်ဈေးသို့ ပန်းရောင်းရန်လာသော သားအမိ ၂ ဦးအား အသုတ်ဘက်မှ ရေကြည်ဘက် သို့ မောင်းနှင်လာသော (8F 7093 လိုက်ထရတ်) ကား
မှ ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံး ပွဲချင်းပီး သေဆုံးသွားကြောင်း သိရပါသည်။


အဆိုပါ သေဆုံးသူ ၂ ဦးအား ကရုဏာလူမှုကူညီရေးအသင်း နာရေးကားနှင့် ရေကြည်ဆေးရုံအအေးတိုက်သို့ ပို့ဆောင် ကူညီပေးခဲ့ကြပါသည်။

( လိုက်ပါကူညီပေးကြပါသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား အထူးကျေး ဇူးတင်ပါသည်။)

သတင်း/မှတ်တမ်း
ကရုဏာ လူမှုကူညီရေးအသင်း
ရေကြည်မြို့။
ရေကြည်မြို့ နယ်မှာ သားအမိ ၂ ဦး ကားတိုက်ခံရ၍ သေဆုံး ရေကြည်မြို့ နယ်မှာ သားအမိ ၂ ဦး ကားတိုက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.