![]() |
ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ် / Photo: Kyaw Kyaw Lin's Facebook |
ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံွ့ဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။
ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။
ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။
လက်ရှိရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ
Reviewed by THITHTOOLWIN
on
20:46
Rating:
