ကုန်သာကျေးရွာအနီး မိုးသည်းထန်စွာရွာ လေပြင်းတိုက်ခတ်စဉ် ထနောင်းပင်လဲကျပိ၍ အမျိုးသမီးတစ်ဦးသေဆုံး


မကွေး - မေ ၁၄

မေလ ၁၃ရက် ညနေ ၅နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး မင်းဘူး(စကုမြို့နယ်)မင်းဘူး-ပဒါန်းကားလမ်း မိုင်တိုင်(၅/၆) ကုန်းသာ ကျေးရွာအနီး လေပြင်းများတိုက်ခတ်စဉ် ကားလမ်းဘေးရှိ ထနောင်းပင်အမြစ်မှကျွတ်ပြီး လဲကျ၍ပိသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု စကုနယ်မြေရဲစခန်းမှသိရသည်။

မင်းဘူးမြို့နယ်အတွင်း လေပြင်းများတိုက်ခတ်နေစဉ် ဒေါ်ဟန်အေး(၅၅)နှစ်သည် မင်းဘူးမြို့မှဈေးဝယ်ခြမ်းပြီး ဆိုင်ကယ်ကယ်ရီငှား၍ မင်းဘူး-ပဒါန်းလမ်းအတိုင်း နေရပ်ဖြစ်သော ကိုင်းတောလေးကျေးရွာသို့ပြန်လာရာ ကုန်းသာကျေးရွာအနီးသို့ အရောက်တွင် လမ်းယာဘက်ဘေးရှိ လုံးပါတ်(၅)ပေ အမြင့်(၃၀)ပေရှိသော ထနောင်းပင်သည်လေပြင်း တိုက်ခတ်မှုကြောင့် အခြေမခိုင်ဘဲ အမြစ်ကျွတ်ထွက် လဲကျခဲ့သည် ဟုသိရသည်။ ထိုသို့လဲကျစဉ်ဆိုင်ကယ်ကယ်ရီငှား၍ပြန်လာ သော ဒေါ်ဟန်အေး၏ဆိုင်ကယ်သည် သစ်ပင်လဲကျစဉ် အနည်းငယ်ဦးသဖြင့် ဆိုင်
ကယ် ကယ်ရီသမားမှာ ဘေးအန္တရာယ်မှ လွတ်ကင်းခဲ့သော်လည်း ဆိုင်ကယ်နောက်ထိုင်ခုံတွင်လိုက်ပါလာသူ ဒေါ်ဟန်အေးမှာ ဘေးအန္တရာယ်မှ မကင်းလွတ်ဘဲ သစ်ကိုင်းဖြင့်ရိုက်မိပြီး ကတ္တရာလမ်းမပေါ်သို့ပြုတ်ကျကျန်ရစ်ခဲ့ပြီး လဲကျသည့်အပင်အောက်တွင် ပိလျှက်အနေအထားဖြင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်ဟု သိရသည်။

ဒေါ်ဟန်အေးသည်သစ်ကိုင်းရိုက်မိပြီး အပင်ပိခဲ့သည့်အရှိန်ကြောင့် နဖူးတွင်(၂)လက်မခန့်ကန့်လန်ဖြတ်ပေါက်ပြဲဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းထိပ်ပိုင်းပိန်ချိုင့်ဒဏ်ရာများဖြင့် နေရာတွင်သေဆုံး သွားခဲ့ရကြောင်း ခင်ပွန်းဖြစ်သူ၏ ပြောကြားချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/ မဟုတ်စစ်ဆေးနိုင်ရန် စကုနယ်မြေစခန်းမှူးရဲအုပ်သိန်းဝင်းဆွေ၏ တိုင်တန်းချက်နှင့်အညီစကုနယ်မြေစခန်းမှအမှူရေးဖွင့်ပြီး ရဲအုပ်သိန်းဝင်းဆွေမှအမှုအားစစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

လှိုင်ဘွား ( မြို့သစ် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကုန်သာကျေးရွာအနီး မိုးသည်းထန်စွာရွာ လေပြင်းတိုက်ခတ်စဉ် ထနောင်းပင်လဲကျပိ၍ အမျိုးသမီးတစ်ဦးသေဆုံး ကုန်သာကျေးရွာအနီး မိုးသည်းထန်စွာရွာ လေပြင်းတိုက်ခတ်စဉ် ထနောင်းပင်လဲကျပိ၍ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.