ဂါဇာ အကြမ်းဖက်မှု စစ်ရာဇဝတ်အဖြစ် ကုသသမဂ္ဂ စုံစမ်းမည်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ဂါဇာဒေသမှာ ဆန္ဒပြသမားတွေကို ပစ်ခတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ရာဇ၀တ်မှုအဖြစ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မနေ့က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

အစ္စရေးလုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄၀ အပါအ၀င် ဂါဇာမှာ နေထိုင်သူ ၁၀၀ လောက်သေခဲ့ပြီး ဒဏ်ရာရရှိသူ ထောင်နဲ့ ချီပြီးရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီမှာ မဲခွဲရာမှာ ၄၇ နိုင်ငံအနက် အမေရိကန်နဲ့ သြစတြေးလျက ကန့်ကွက်ပြီး ထောက်ခံမဲ ၂၉ မဲနဲ့ ကြားနေမဲ ၁၄ မဲ ရရှိပါတယ်။ ကြားနေမဲအဖြစ် ဗြိတိန်၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်တို့ ပါဝင်ကြပါတယ်။

ဒီဆုံးဖြတ်ချက်အရ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ မတ်လ ၃၀ ရက်နေ့က နှိမ်နင်းမှုဟာ စစ်ရာဇ၀တ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို စေလွှတ်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂါဇာ အကြမ်းဖက်မှု စစ်ရာဇဝတ်အဖြစ် ကုသသမဂ္ဂ စုံစမ်းမည် ဂါဇာ အကြမ်းဖက်မှု စစ်ရာဇဝတ်အဖြစ် ကုသသမဂ္ဂ စုံစမ်းမည် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.