![]() |
ထောင် ၂လချမှတ်ခံရတဲ့ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြသူနှစ်ဦးကို ၂၀၁၈ မေလ ၂၂ ရက်နေ့က တွေ့ရစဉ် / Photo: Khaymani Win/RFA |
အခုလိုအမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိဘူးလို့ ကိုအောင်မှိုင်းဆန်း က ဒီနေ့ အမိန့်ချအပြီးမှာ ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့၊ ထိုးစစ်တွေရပ်တန့်ဖို့ အတွက် မေလ ၆ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ချမ်းအေးသာစံ မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးသိန်းနိုင်က တရားလိုပြုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။
အမှုစစ်ဆေးစဉ်ကာလမှာ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်တို့က အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ကြပြီး ရုံးချိန်း သုံးပတ်မြောက်မှာ အခုလိုအမိန့်ချခဲ့တာဖြစ်ပါတယ်။
စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတာကို ထောင်ဒဏ် ၂ လချမှတ်တာဟာ ပြင်းထန်တယ်လို့ မန္တလးမြို့က နိုင်ငံရေးသမား အချို့ ပြောကြပါတယ်။
စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူအချို့ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၂ ဦးကိုတော့ လာမယ့်မေလ ၂၅ ရက်နေ့မှာ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တာကြောင့် မေလအတွင်း ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရသူ ၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြသူနှစ်ဦးကို ထောင်ဒဏ် နှစ်လချမှတ်
Reviewed by THITHTOOLWIN
on
20:45
Rating:
