မြိတ်မြို့တွင် လူသတ်မှုဖြစ်ပွား


၁၉-၅-၂၀၁၈ ရက်နေ့ည ၂၁၃၀ အချိန်ခန့်က တနင်္သာရီတိုင်းဒေသကြိး၊ မြိတ်မြို့  ၊ မြိတ်တောင်ကျေးရွာ ၊ အင်းလေးကမ်းရပ်၊ မင်းဓမ္မ ၈ လမ်း၊ နွေကဗျာ-၂ စားသောက်ဆိုင်ရှေ့ တွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ စားသောက်ဆိုင်သို့  မျိုးကျော်သူနှင့် ညီဇော်ဦး အပါအဝင် လူလေးဦးတို့ အရက်သွားသောက်ရာမှ ဆိုင်အတွင်း အမည်မသိအမျိုးသားနှစ်ဦးထိုင်နေသည့်ဝိုင်းရှိ လွတ်နေသော ထိုင်ခုံအား သွားရောက်ယူစဉ် စကားများခဲ့ကြကြောင်းသိရသည်။


 ထို့နောက် မျိုးကျော်သူနှင့်ညီဇော်ဦးတို့ စားသောက်ပြီး ဆိုင်မှပြန်ထွက်စဉ် ၄င်းတို့နှင့်စကားများသည့်ဝိုင်းရှိ အမည်မသိအမျိုးသားနှစ်ဦးမှ နောက်မှလိုက်ပါပြီး ဆိုင်ရှေ့အရောက် လမ်းပေါ်တွင် အသင့်ပါလာသောဓားဖြင့် ထိုးခဲ့ရာ မျိုးကျော်သူ မှာ လည်ပင်းထိုးသွင်းဒဏ်ရာ၊ ညီဇော်ဦးတွင်နောက်ကျောထိုးသွင်းဒဏ်ရာ၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာတို့ရရှိပြီး မြိတ်ဆေးရုံသို့တင်ပို့ခဲ့ရာ မျိုးကျော်သူမှာ သေဆုံးသွားခဲ့ပါသည်။

 မျိုးကျော်သူ၏ ဦးလေးတော်စပ်သူမှ မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားသဖြင့် (ပ)၇၆၃/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှု ကျူးလွန်သူများအား မြိတ်မြို့မစခန်းမှူးဒုရဲမှူးချိုလွင်နှင့်အဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ထိုနေ့ည ၀၃၀၀အချိန် ပြစ်မှုကျူးလွန်သူ ဂျူနောင်စိုး(ခ)ပူစူးနှင့် မင်းသီဟတို့နှစ်ဦးအား သက်သေခံပစ္စည်းဓားနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်မြို့နယ် သတင်းနှင့်မှုခင်းမီဒီယာ
မြိတ်မြို့တွင် လူသတ်မှုဖြစ်ပွား မြိတ်မြို့တွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.