မြိတ်မြို့တွင် ညဥ့်အချိန်မတော် နေအိမ်ထဲခိုးဝင်ပြီး အိပ်မောကျနေသည့်အမျိုးသမီးခြေအားဝင်ဆွဲသူကို ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။
မေလ ၂၅ ရက်နေ့၊ နံနက် ၃ နာရီခန့်က မြိတ်မြို့ ၊ အထက်ကန်ဖျားရပ်၊ လမင်းလမ်းသွယ်တွင် နေထိုင်တဲ့ ဒေါ်ခင်လှရဲ့နေအိမ်သို့ အမည်မသိ လူတစ်ဦးဝင်ရောက်လာပီး သားအမိ ၃ ဦးခြင်ထောင်ထဲ အိပ်နေစဉ် သမီးဖြစ်သူ၏ခြေထောက်အား လူတစ်ဦးလာဆွဲနေတာကြောင့်မိခင်ဖြစ်သူအား နှိုးကာပြောလိုက်သဖြင့် လိုက်လံရှာဖွေရာ အင်္ကျိအမဲရောင်၊ဘောင်းဘီအညိုရောင်ဝတ်ဆင်ထားတဲ့လူတစ်ဦး နေအိမ်မှ ဆင်းပြေးသွားကြောင်း သိရပါတယ်။
ရပ်ကွက်နေပြည်သူများမှ လိုက်လံရှာဖွေရာ ဒေါ်ခင်လှ၏နေအိမ် တစ်အိမ်ကျော်ဦးကြီးမြင့်၏အိမ်အနီးမှာ ဖမ်းဆီးရမိပြီး ၎င်းအားကြည့်ရှုရာ ဒေါ်ခင်လှ၏အိမ်ပေါ်သို့တက်၍ သမီးဖြစ်သူ၏ခြေထောက်အားဆွဲသူဖြစ်ကြောင်း ၎င်းဝတ်ဆင်ထားသည့်အဝတ်အစားများကြည့်၍ သိရှိခဲ့ရပြီး စစ်ဆေးရာ ထုံးဖိုလမ်းသွယ်(၇)မှ ဟိန်းမင်းစိုး(ခ)ဟိန်းအောင် ဖြစ်ကြောင်းသိရပါတယ်။
နေအိမ်ပေါ်သို့ ညအချိန်မတော် ဝင်ရောက်သူ ဟိန်းမင်းစိုး(ခ)ဟိန်းအောင်(၃၄)နှစ်၊ အား ဒေါ်ခင်လှမှ တရာလိုပြုတိုင်တန်းတာကြောင့် မြိတ်မြို့မရဲစခန်းမှ (ပ)၇၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (fb)
မြိတ်တွင် အိပ်မောကျနေသည့် အမျိုးသမီးခြေအား ဝင်ဆွဲသူ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီး
Reviewed by THITHTOOLWIN
on
14:56
Rating:
